Estran-ged (2015)
ဒီဇာတ်ကားလေးကတော့ Thriller ဇာတ်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်အိမ်လေးကတော့ အိမ်ကြီးတစ်အိမ်က မိသားစုတစ်ခုရဲ့ အကြောင်းကို ရေးထားတာဖြစ်ပါတယ်။ January ဆိုတဲ့ ကောင်မလေးဟာ ဆိုင်ကယ် မတော်တဆမှု ဖြစ်ပြီးတဲ့နောက်မှာ အတိတ်မေ့တဲ့ ရောဂါကို ခံစားခဲ့ရပါတယ်။ ထိုကြောင့် သူ့ချစ်သူကောင်လေးက သူ့ကို သူရဲ့အိမ်ကို ပြန်ခေါ်လာခဲ့ပါတယ်။ ထူးခြားတာကတော့ သူဟာ လွန်ခဲ့တဲ့ခြောက်နှစ်ကတည်းက သူ့အိမ်ကနေ ထွက်လာခဲ့ပြီး တခါမှ အလည်အပတ်မသွားတဲ့အပြင် ဘာကြောင့်ထွက်လာရတယ်ဆိုတဲ့ အကြောင်းအရင်းကိုလည်း ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးပါဘူး။ ထိုအိမ်ကို ပြန်သွားတဲ့အခါမှာ ဘာတွေဖြစ်ပျက်မလဲ၊ သူ ဘယ်သူ့ကိုမှ မပြောပြခဲ့တဲ့ အတိတ်ရဲ့နောက်ကွယ်ကရော ဘာအကြောင်းရင်းတွေရှိမလဲ ဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုရမှာဖြစ်ပါတယ်။
