14 w - Translate

#ပြည်တွင်းသတင်း
◼ အောင်မြေသာစံမြို့နယ်၌ ငလျင်ဒဏ်သင့်အဆောက်အဦအားဖြိုချရာမှ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်၌ ယနေ့(မေလ ၃၁ ရက်)ညနေပိုင်းတွင် ငလျင်ဒဏ်သင့်အဆောက်အဦအား ဖြိုချ‌နေစဉ် လူထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
ယနေ့ (မေ ၃၁ ရက်)ညနေ ၅နာရီ ၅၈မိနစ်တွင်အောင်မြေသာစံမြို့နယ်၊ လမ်း(၆၀)၊ (၂၅x၂၆) လမ်းကြား၌ ငလျင်ဒဏ်ကြောင့်ထိခိုက်ထားသည့် RC လေးထပ်အဆောက်အဦအား လူအားဖြင့်ဖြိုချ‌စဉ် အဆောက်အဦပြိုကျခဲ့ပြီး အလုပ်သမားများပိမိခဲ့ခြင်းဖြစ်သည်။
၎င်းတို့အနက် အဆောက်အဦပိမိ၍ အမျိုးသားတစ်ဦး သေဆုံးကာ ကျန်အမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်း၊အဆိုပါ ထိခိုက်သေဆုံးသူများအား ညနေ ၆ နာရီ ၂၀ မိနစ်တွင် ထုတ်ယူနိုင်ခဲ့ပြီး အဖြူရောင်နှင်းဆီလူမှုကူညီရေးအသင်းမှ မန္တလေး၊အ‌‌ထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် (မေ ၂၈ ရက်)နံနက် ၁၀ နာရီတွင်လည်း မဟာအောင်မြေမြို့နယ်၊၈၄လမ်း၊ ၃၉လမ်း x ၄၀ လမ်း ကြားရှိ ငလျင်ဒဏ်ကြောင့်ပြိုကျထားသည့် လေးထပ်အဆောက်အဦ ထပ်မံပြိုကျခဲ့ခြင်းကြောင့်အမျိုးသားတစ်ဦး၏ ခြေထောက်တွင် ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သီရိမာလာ (အရှေ့)အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-MFSD

image