သံမဏိနဲ့ အလူမီနီယံသွင်းကုန်တွေကို အခွန် ၅၀ ရာခိုင်နှုန်းကောက်မယ်လို့ ဒေါ်နယ်ထရန့်ပြော
ဝါရှင်တန်၊ မေ-၃၁-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်ကို တင်သွင်းလာတဲ့ သံမဏိနဲ့ အလူမီနီယံသွင်းကုန်တွေအပေါ် လက်ရှိအခွန်ကောက်ခံမှု ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းထိ နှစ်ဆမြှင့်မယ်လို့ သမ္မတဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီလို အခွန်နှစ်ဆ တိုးမြှင့်ကောက်ခံမှုကို လာမယ့် ဇွန် ၄ ရက်မှာ စတင်မှာဖြစ်ပြီး ဒါဟာ တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို လျော့ကျစေပြီး ဒေသတွင်း သံမဏိလုပ်ငန်း မြှင့်တင်ဖို့ အထာက်အကူဖြစ်စေတယ်လို့ ထရန့်က ပြောပါတယ်။
US Steel နဲ့ Nippon Steel.ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်း သံမဏိထုတ်လုပ်မှုလုပ်ငန်းမှာ ဒေါ်လာ ၁၄ ဘီလီယံရင်းနှီးမြုပ်နှံမှုရှိမယ်လို့ ပင်ဆယ်ဗေးနီးယားမှာ ပြုလုပ်တဲ့ လူထုစုဝေးပွဲမှာ ဒေါ်နယ်ထရန့်က ပြောပါတယ်။
ဒါပေမယ့် ဒီအစုစပ်လုပ်ငန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များကို ရှင်းလင်းစွာ မသိရသေးပါဘူး။ ကမ္ဘာ့စီးပွားရေးအင်အားကြီး အမေရိကန်နဲ့ တရုတ်တို့ဟာ အပြန်အလှန်အခွန်ကောက်ခံမှုတွေနဲ့အတူ ကုန်သွယ်ရေးစစ်ပွဲ ပြင်းထန်နေပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သံမဏိအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပြီး ကမ္ဘာ့သံမဏိထုတ်လုပ်မှုရဲ့ ထက်ဝက်ကျော်ရှိတယ်လို့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ အမေရိကန်ကတော့ တရုတ်၊ ဂျပန်နဲ့ အိန္ဒိယတို့နောက်ကို မကြာသေးမီက ရောက်ရှိခဲ့ပြီး သံမဏိထုတ်လုပ်မှု လျော့ကျခဲ့ပါတယ်။
ဒေါ်နယ်ထရန့်ရဲ့ အမေရိကန်အစိုးရဟာ သံမဏိနဲ့ အလူမီနီယံသွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခို်ငနှုန်းကောက်ခံမှုကို မတ်လအတွင်းမှာစတင်ခဲ့ပါတယ်။ ဒီလိုတိုးမြှင့်လိုက်တဲ့ပေါ် လေကြောင်းနဲ့စွမ်းအင်နယ်ပယ်လို ကဏ္ဍရှိ အမေရိကန်ကုမ္ပဏီတွေဟာ တင်သွင်းလာတဲ့ သံမဏိနဲ့ အလူမီနီယံတွေကို အသုံးပြုနေရတာကြောင့် ငွေကြေးဖောင်းပွမှု အလျင်အမြန် ဖြစ်ပေါ်လာမှာကို စိုးရိမ်မှုတွေရှိနေပါတယ်။
Ref:BBC
Photo:Getty Images
