#လေထိုးလေအောင့် သက်သာစေမယ့်
နည်းလမ်း (၅) ခု
လေထိုးလေအောင့် ဖြစ်တာက ဆေးခန်းပြရလောက်အောင် မပြင်းထန်ပေမယ့် နေရထိုင်ရ ခက်တာတော့ အမှန်ပါပဲ။ ဒါကြောင့် လေထိုးလေအောင့်ဖြစ်ချိန်မှာ သက်သာစေဖို့ အလွယ်ကူဆုံးဖြစ်မယ့် နည်းလမ်း (၅) မျိုးကို ဝေမျှပေးလိုက် ပါတယ်။
လေထိုးလေအောင့်ဖြစ်တာကို သက်သာစေဖို့ ဆိုရင်
(၁) လမ်းလျှောက်ပါ
မိနစ် အနည်းငယ်လောက် လမ်းလျှောက်တာက အစာကြေစေဖို့ အထောက်အကူပြုသလို အစာအိမ်နဲ့ အူလမ်းကြောင်းထဲက ပိုနေတဲ့ လေတွေကို ခန္ဓာကိုယ် ပြင်ပကို ထွက်ရှိစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ လမ်းလျှောက်တာက အစာအိမ် အူလမ်းကြောင်း ကြွက်သားတွေကို သန်မာစေသလို အူမကြီးဆီကနေတဆင့် အစာဟောင်းတွေ လေတွေကို ခန္ဓာကိုယ်ပြင်ပ စွန့်ထုတ်ဖို့ လှုံ့ဆော်ပေးပါတယ်။
(၂) ယောဂလုပ်ပါ
Child’s Pose လို့ခေါ်တဲ့ ပက်လက်အနေအထားနဲ့ ခြေထောက်နှစ်ဖက်ကို ဒူးကွေးပြီး ဗိုက်ပေါ်ကို ဆွဲတင်လို့ ခြေထောက်နှစ်ချောင်းကြားကနေ လက်၂ ချောင်းလျှိုလို့ ခြေမလေးတွေကို လက်နဲ့ ထိန်းပြီး ခြေထောက်ကို မြေပြင်ကနေ ၉၀ ဒီဂရီ အနေအထား ထောင်မတ်တဲ့ ယောဂပို့စ်က လေတွေကို ထွက်စေပြီး အစာမကြေတာကို သက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ အသက်ကို ခပ်ပြင်းပြင်းရှူဖို့ မမေ့ပါနဲ့။
(၃) ရေနွေးအိတ် ကပ်ပါ
ပက်လက်အနေအထားနဲ့ ရေနွေးအိတ်ကို ရင်ခေါင်းနာကို ကပ်ပေးတာက အစာမကြေတာနဲ့ လေထိုးလေအောင့်ဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် လေထိုးလေအောင့် ခံစားနေရပြီဆိုရင် ရေနွေးအိတ်ကပ်ပေးတာကလည်း နည်းလမ်းကောင်းပါ။
( ၄) ရင်ဘတ်အလယ်ကို နှိပ်နယ်ပေးပါ
လေထိုးလေအောင့် ဖြစ်တဲ့အခါ သက်တောင့်သက်သာ အနေအထားနဲ့ ပက်လက်လေး လှဲပြီး ရင်ညွှန့်နေရာကို လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွလေး နှိပ်နယ်ပေးတာက အစာခြေလမ်းကြောင်းထဲက လေတွေကို ထွက်စေပြီး လေထိုးလေအောင့် ဖြစ်တာကို သက်သာစေနိုင်ပါတယ်။
(၅) ဂျင်းရေနွေး နွေးနွေးလေး သောက်ပေးပါ
လေထိုးလေအောင့်တာကို သက်သာစေဖို့ လုပ်ပေးလို့ရတဲ့ နောက်ထပ်နည်းလမ်း တစ်ခုက ဂျင်းရေနွေးကြမ်းလေး သောက်ပေးတာပါ။ ရေနွေးနွေးလေးနဲ့ အစာကြေစေနိုင်တဲ့ ဂျင်းက လေထိုးလေအောင့်တာကို သိသိသာသာ သက်သာစေမှာပါ။
Crd
