5 w - Translate

ကမ္ဘာ့ပထမဆုံး စက်ရုပ်လက်ဝှေ့ပွဲ တရုတ်မှာ ကျင်းပ
တရုတ်စက်ရုပ်နည်းပညာက next level ရောက်လာပါပြီ။
တရုတ်မှာ လူတူစက်ရုပ်လို့ ခေါ်တဲ့ Humanoid တွေကို ကြိုးဝိုင်းထဲ ထိုးခိုင်းပြီး ဖျော်ဖြေတာမျိုးပါ မြင်လာရလို့ပါ။ ဒီတစ်ပတ် တနင်္ဂနွေက ဟန်ကျိုးမှာ တရုတ်စက်ရုပ်ကုမ္ပဏီ Unitree က ကမ္ဘာ့ပထမဆုံး Humanoid စက်ရုပ်လက်ဝှေ့ပွဲ ကျင်းပသွားပါတယ်။
ဖိုက်တာတွေက အရပ် ၄ ပေကျော်မြင့်ပြီး ၇၇ ပေါင်ဝန်းကျင်ရှိတဲ့ Unitree ထုတ် G1 မော်ဒယ်တွေပါ။ Unitree G1 တွေကို တကယ့်လက်ဝှေ့သမားတွေအတိုင်း ခေါင်းစွပ် headgear တွေ စွပ်ထားပါတယ်။ လက်ဝှေ့သတ်နည်းအစုံကိုလည်း ထုတ်သုံးပြီး ဖိုက်ကြတာပါ။
ဒီစက်ရုပ်တွေကို လူအထိန်း Handlers တွေက Voice Command နဲ့ Remotes တွေ သုံးပြီး ညွှန်ကြားပါတယ်။ သုံးချီထိုးသတ်တဲ့ ဒီပွဲက Kickboxing စည်းကမ်းနဲ့ ထိုးသတ်တာ ဖြစ်ပြီး စက်ရုပ်တစ်ရုပ်က လက်ဝှေ့ကြမ်းပြင်မှာ ၈ စက္ကန့်ကျော် မှောက်သွားရင် အလဲထိုးနဲ့ ရှုံးပါတယ်။
လက်ဝှေ့လို ပွဲမျိုးမှာ စက်ရုပ်သုံးတာက ဒီစက်ရုပ်ရဲ့ ဟန်ချက်ထိန်းနိုင်စွမ်း ၊ လှုပ်ရှားမှုနဲ့ အကြမ်းခံနိုင်စွမ်းကို ချပြရာလည်း ရောက်ပါတယ်။ ဟန်ကျိုးက ဒီစက်ရုပ်လက်ဝှေ့က နာမည်ကြီး ရုပ်ရှင် Real Steel ကို အမှတ်ရစရာပါ။
တရုတ်နိုင်ငံမှာ မကြာသေးခင်ကလည်း လူနဲ့ စက်ရုပ်တွေ တွဲပြီး မာရသွန်ပြိုင်ပွဲ ဆင်နွှဲခဲ့ပါတယ်။ နောက်လည်း စက်ရုပ်တွေကို အားကစားပွဲတွေနဲ့ တွဲမြင်ရဖို့ ရှိပါတယ်။

image