Operating System အကုန် နာမည်ပြောင်းမယ့် Apple
နောက်လထဲမှာ Apple ရဲ့ OS တွေ နာမည်သစ်နဲ့ ထွက်ဖို့ ရှိပါတယ်။
Apple က Operating System ရဲ့ ဗားရှင်းတွေကို ခုနှစ်နဲ့ တွဲပြီး နာမည်ပေးဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။
ဒီအတိုင်းဆို အသစ်ထွက်မယ့် iOS 19 က iOS 26 လို့ ဖြစ်လာပြီး တခြား OS တွေလည်း iPadOS 26, macOS 26, watchOS 26 , tvOS 26 နဲ့ visionOS 26 ဆိုပြီး ထွက်လာဖို့ ရှိပါတယ်။
Apple စိတ်ကူးက ဆော့ဖ်ဝဲလ်ဗားရှင်းနံပါတ်တွေကို တစ်ပုံစံတည်း ထားဖို့ပါ။ အခုဗားရှင်းတွေက နံပါတ်တွေ တစ်ခုတစ်မျိုးစီ ဖြစ်နေပါတယ်။ ဥပမာ iPhone အတွက် iOS 18 , Apple Watch က watchOS 12 နဲ့ Vision Pro မျက်မှန်တွေအတွက် visionOS 2 လို့ ဖြစ်နေတာပါ။
နာမည်သစ်ပြောင်းတာကိုတော့ နောက်လ ၉ ရက် WWDC ပွဲမှာ Apple က တရားဝင်ကြေညာသွားဖို့ ရှိပါတယ်။
