5 w - Translate

၂၀၁၁ ခုနှစ်က ကြေကွဲဖွယ် ဆူနာမီဘေးအပြီးမှာ ဂျပန်နိုင်ငံဟာ ပြန်လည်နာလန်ထူရုံသာမကဘဲ နောက်ထပ်ဒီလိုသဘာဝဘေးကနေ ကာကွယ်နိုင်ဖို့ပါနည်းလမ်းတွေ ရှာဖွေခဲ့ကြပါတယ်
အဲ့တာကြောင့် ကမ်းရိုးတန်းတစ်လျှောက် ၃၉၅ ကီလိုမီတာ (၂၄၅ မိုင်) အရှည်ရှိပြီး ၁၂.၅ မီတာ (၄၁ ပေ) အထိ မြင့်မားတဲ့ ဆူနာမီတံတိုင်းကြီးကို အနာဂတ်ဘေးအန္တရာယ်တွေကို ကာကွယ်ဖို့အတွက်ဆောက်လုပ်ခဲ့ပါတယ် ဒါပေမဲ့ သူတို့ရဲ့ ရည်မှန်းချက်ဟာ ဒီတံတိုင်းကြီးနဲ့ဘဲ ရပ်တန့်မသွားခဲ့ပါဘူး
ဒီဧရာမ တံတိုင်းအတားအဆီးကြီးကို အားဖြည့်ဖို့အတွက် ဂျပန်နိုင်ငံဟာ သစ်ပင်ပေါင်း ၉ သန်းကို စိုက်ပျိုးခဲ့ပြီး အင်ဂျင်နီယာနည်းပညာနဲ့ ဆောက်ထားတဲ့ တံတိုင်းကြီးဘေးမှာ အသက်ဝင်နေတဲ့ အကာအကွယ်တစ်ခုအဖြစ် ဖန်တီးခဲ့ပါတယ်
ဒီလိုနဲ့ဘဲ သူတို့နှစ်ခု ပေါင်းစပ်ကာ "သဘာဝနဲ့ နည်းပညာ ပေါင်းစပ်ညီညွတ်ခြင်းမှတစ်ဆင့် အကာအကွယ်" ဆိုပြီးဖြစ်လာခဲ့တာပါ
#knowledge #ဗဟုသုတ

image