The Guar-dian (2021)
လီ ဆိုတဲ့ကောင်မလေးဟာရုပ်ရည်ရှိ အသံလေးလည်းကောင်းပေမယ့် သူဖြစ်ချင်တဲ့နာမည်ကြီးအဆိုတော်တော့ဖြစ်ခွင့်မကြုံသေးပါဘူးအဲဒီအစားနာမည်ကျော်ဂီတလောကရဲ့ မင်းသမီး လိုတင်စားကြတဲ့ လန်ဖွန်ရဲ့နောက်ခံအဆိုတော်လေးပေါ့။ တစ်နေ့မှာအဆိုတော်လန်ဖွန်ရဲ့ လိင်မှုဗီဒီယိုပျံ့နှံမှုနဲ့အတူသူမရဲ့ အဆုံးစီရင်တဲ့သတင်းကပါကပ်လိုက်လာတဲ့အခါလူတွေကြားမှာ ကြီးမားတဲ့ရိုက်ခတ်မှုတွေ ဖြစ်လာပါတော့တယ်.ထူးခြားတာကဖွန်သေဆုံးတဲ့နေရာမှာ ကူမန်သောင် အရုပ်ကို တွေ့ရှိရတာပါပဲ။ ဒီတော့ ကူမန်သောင် အရုပ်ကိုယုံကြည်သူတစ်ချိုကအရုပ်နဲ့ပတ်သတ်တယ်လို ယူဆကြပါတယ်။ ရဲဘက်ကတော့လိင်မှုဗီဒီယိုထဲမှာပါတဲ့ပါတီပွဲကို ဖွန်နဲ့လီအတူသွားခဲ့တယ်လိုပြောပြီးစစ်ဆေးပေမယ့်လီတစ်ယောက်ဘူးခံငြင်းနေပါတယ်။ တစ်နေ့မှာသီချင်းဆိုပြိုင်ပွဲမှာသူဌေးမတစ်ယောက်နဲ့ဆုံပြီးနောက် ကူမန်သောင် အရုပ်ကိုအသက်သွင်းလိုက်ပြီးလီတစ်ယောက် ရုတ်တရက်အောင်မြင်သွားပေမယ့် ဆက်တိုက်ဖြစ်လာတဲ့လူသတ်မှုတွေ ကပ်ပါလာတဲ့အခါ။
