Wro-ng Tu-rn (2021)
အားလပ်ရက် တောင်တက်အပျော်ခရီးထွက်လာတဲ့ လူငယ်တစ်စုက တောင်တက်ဖိုမြိုငယ်တစ်မြိုကို ရောက်လာခဲ့ပါတယ်။ အဲ့ဒီမြိုမှာ တည်းခိုနေစဉ် ထူးဆန်းတာတွေလည်း ဖြစ်ပျက်ခဲ့ပြီး အဲ့ဒီက နာမည်ကြီး တောင်ကို တက်ခဲ့ပြီးချိန်မှာတော့ အပြန်လမ်းမရှိခဲ့ပါဘူး။ အဲ့ဒီတောင်တက်အဖွဲထဲ ပါသွားတဲ့ ဂျန်နီဖာ ဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့အဖေဖြစ်သူကတော့ သူ့သမီးဖြစ်သူ ပျောက်ဆုံးတာ ခြောက်ပတ်လောက်အကြာမှာ သူ့သမီးပျောက်ဆုံးတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးဆိုပြီး စုံစမ်းဖို ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီမြိုကရဲကတော့ ဒီပျောက်ဆုံးမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် အိမ်ကနေထွက်သွားပြီး အပျော်ရှာနေတဲ့ လူငယ်တစ်စုလိုသာ မြင်ပြီး ရေးကြီးခွင်ကျယ် ရှာဖွေမှု မပြုလုပ်ခဲ့ကြပါဘူး။ အဲ့ဒီအတွက် ခံပြင်းနေတဲ့ ဂျန်နီဖာ အဖေဖြစ်သူ စကော့ က ရဲတွေအစား သူကိုယ်တိုင်ရှာဖိုဆုံးဖြတ်လိုက်ပြီး သူ့သမီးပျောက်ဆုံးသွားတဲ့ တောင်ပေါ်ကို ရှာဖွေဖို လုပ်ပါတော့တယ်။ ဒီတောင်က နဂိုတည်းက ပြန်လမ်းမရှိတဲ့တောင်ဆိုပြီး နာမည်ကြီးသလို တောင်ပေါ်တက်သူတိုင်းကလည်း စည်းကမ်းတွေလိုက်နာရပါတယ်။ တောင်တက်ဖိုလမ်းအမှတ်အသားတွေကို တောင်ပေါ်မှာ လုပ်ပေးထားပြီး အဲ့ဒီတောင်တက်အမှတ်အသားလုပ်ထားတဲ့ လမ်းကြောင်းကလွဲပြီး တစ်ခြားနေရာကို သွားခွင့်မရှိပါဘူး။ ဒါကို သွေဖယ်ပြီး သွားခဲ့ကြတဲ့ လူငယ်တစ်စုကတော့ ဘယ်လိုကြောက်စရာအဖြစ်အပျက်တွေနဲ့ ကြုံခဲ့တယ်။ အသက်ရောရှင်နိုင်ခဲ့ရဲ့လား လွတ်မြောက်လာခဲ့တာလားဆိုတာကိုတော့ ဒီကားကြည့်ရင်း တထိတ်ထိတ် တလန့်လန့်နဲ့ အဖြေရှာနိုင်ပါတယ်။
