#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲ ကြိုတင်မဲပေးသူ စံချိန်တင်
တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲအတွက် ကြိုတင်မဲများစပေးနေသူ မဲဆန္ဒရှင်အရေအတွက်မှာ စံချိန်တင်မြင့်မားခဲ့ကြောင်း မေ ၂၉ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
တောင်ကိုရီးယားရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော ကိန်း ဂဏန်းများအရ မေ ၂၉ ရက်တွင်သမ္မတရွေးကောက်ပွဲအတွက် ကြို တင်မဲပေးခဲ့ကြသူအရေအတွက်မှာ ၃၁ဝ၇၁၆၄ ဦးအထိ ရှိခဲ့ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူစုစုပေါင်း၏ ၇ ဒသမ ဝဝ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း သိရသည်။
နှိုင်းယှဉ်ကြည့်ပါက ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် ကြိုတင်မဲစပေးရသောနေ့တွင် ကြိုတင်မဲပေးခဲ့ကြသော မဲဆန္ဒရှင်အရေအတွက်မှာ ဆန္ဒမဲပေးခွင့်ရှိသူပြည်သူစုစုပေါင်း၏ ၅ ဒသမ ၃၈ ရာခိုင်နှုန်းအထိသာ ရှိခဲ့သည်။
ဇွန် ၇ ရက်တွင်ကျင်းပမည့် တောင်ကိုရီးယားသမ္မတရွေးကောက် ပွဲတွင် လစ်ဘရယ်ဒီမိုကရက်တစ် ပါတီသမ္မတလောင်း လီဂျေးမြောင်၊ လက်ရှိအာဏာရ ပြည်သူ့အာဏာပါတီမှ သမ္မတလောင်း ကင်မ်မွန်ဆိုးတို့ အဓိကယှဉ်ပြိုင်ကြရဖွယ်ရှိသည်။ အဆိုပါရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တောင်ကိုရီးယားမဲဆန္ဒရှင် ၄၄ ဒသမ ၃၉ သန်းရှိပြီးကြိုတင်မဲများကို မေ ၂၉ ရက်နှင့် ၃ ရက်တို့တွင် ပေးခွင့်ပေးထားသည်။
ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလအတွင်း စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာပြဋ္ဌာန်းရန်ကြိုးပမ်းမှုဖြင့်သမ္မတဟောင်း ယွန်းဆွတ်ယိုးကို တောင်ကိုရီးယား တရားလွှတ်တော်ချုပ်ကရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် သမ္မတရွေးကောက်ပွဲကို ပုံမှန်ထက်စော၍ ဇွန် ၃ ရက်တွင် ကျင်းပရန် တောင်ကိုရီးယားနိုင်ငံကစီစဉ်ထားခြင်းဖြစ်သည်။
ရိုက်တာ

image