15 w - Translate

မော်လိုက်၌ အင်အား ၄ ဒသမ ၂ အဆင့်ရှိငလျင်လှုပ်ခတ်
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့၌ ယနေ့(မေ ၂၉ ရက်)နံနက်ပိုင်းတွင် အင်အားရစ်ချ်တာစကေား ၄ ဒသမ ၂ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ယနေ့နံနက် ၆ နာရီ၊ ၃၂ မိနစ်၊၂ စက္ကန့်တွင် စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့၏ အရှေ့တောင်ဘက် မိုင် ၃၀ ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃ ဒသမ ၅၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၈၇ ဒီဂရီ၊ အနက် ၈၅ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့(မေ ၂၈ ရက်)တွင်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့၏ မြောက်အရှေ့မြောက် ဘက် ၂၁ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀ ဒသမ ၆၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒသမ ၄၆ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိငလျင်လှုပ် ခတ်ခဲ့ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်လှုပ်ခတ်ခဲ့သည့် အင်အားပြင်ငလျင်ကြောင့် ယမန်နေ့(မေ ၂၈ ရက်) အထိ သေဆုံးသူ ၃၇၃၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၆၈ ဦးရှိကြောင်း နစက က ထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - MFSD

image