ဒီတစ်ခါတော့အကောင်းဆုံးဂျပန်ကာတွန်းကားလေးတစ်
ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်အတော်ကောင်းပြီးကျွန်
တော်အတော်ကြိုက်မိတဲ့ကားလေးဆိုလည်းမမှားပါဘူး
ဇတ်ကားစလယ်ဆုံးပရိတ်သတ်တွေကိုဆွဲဆောင်သွား
မယ့်ဇတ်ကားလိုပြောရင်မလွန်ပါဘူးဒီဇတ်ကားလေးမှာ
ဇတ်လိုက်ကျော်ကြီးကတော့ကြောင်ကလေးယူဒေါ့ပါပဲ
ဂီဖုကနေမတော်တဆကားမှားစီးရာကတိုကျိူကိုရောက်
ရှိသွားတဲ့ကြောင်ကလေးယူဒေါ့ရဲ့စွန့်စားခန်းတွေကိုတဝ
ကြီးကြည့်ရှုရမှာပါယူဒေါ့လေးတိုကျိူမှာဘယ်လိုနေထိုင်
စားသောက်မလဲကံကောင်းထောက်မစွာနဲ့ပဲယူဒေါ့တစ်
ယောက်ဖိုးရှုပ်ဆိုတဲ့ကြောင်ကြီးနဲ့တွေ့ခဲ့တယ်ကြောင်
ကြီးရဲ့အကူအညီနဲ့မိမိရဲ့အိမ်ကိုပြန်နိင်ဖိုကြိုးစားတဲ့ယူ
ဒေါ့လေးကိုပရိတ်သတ်တွေသနားပြီးချစ်ကြမှာအသေအချာပါပဲမိမိအိမ်ကိုပြန်နိင်ဖိုဂျပန်စာကြိုးစားသင်ယူတဲ့
ယူဒေါ့လေးရဲဲစိတ်ဓါတ်ကလည်းလေးစားစရာပါမိမိ
ထက်အသက်ငယ်သူကိုသနားကြင်နာစွာစောင့်ရှောက်
တဲ့ဖိုးရူပ်ရဲ့စိတ်ဓါတ်ဟာလည်းအတုယူစရာပါယူဒေါ့တစ်
ယောက်မိမိရဲ့နေရပ်ကိုပြန်ရောက်နိင်မလားဘယ်လို
တွေဆက်ဖြစ်မယ်ဆိုတာကတော့ပရိတ်သတ်တွေစောင့်
ကြည့်ကြပါဒီဇတ်ကားဟာသာမန်ကာတွန်းကားလေး
တစ်ကားလိုကျွန်တော်တော့မထင်မိပါဘူးဘာတွေပဲကြုံ
ကြုံကြံ့ကြံ့ခိုင်ရင်ဆိုင်ဖြေရှင်းပြီးစာကိုလည်းကြိုးစား
သင်ယူတဲ့ယူဒေါ့လေးရဲ့စိတ်ဓါတ်ကိုကလေးလေးတွေအတုယူဖွယ်ရိုက်ကူးပြထားတယ်လိုထင်ပါတယ်လူသားချင်းမဆိုထားနဲ့တိရိစ္ဆာန်အချင်းချင်းတောင်ညှာတာသနားကူညီတတ်တဲ့စိတ်ထားလေးကလည်းလေးစားစရာပါသားသားမီးမီးလေးတိုသာမကသားသားမီးမီးတိုရဲ့ဖေဖေမေမေတိုပါအတူတူကြည့်သင့်တဲ့ဇတ်ကား
ဖြစ်ပြီးကလေးတွေရဲ့စိတ်ဓါတ်ခွန်အားကိုမြင့်တင်ပေး
နိင်ပြီးတိရိစ္ဆာန်ချစ်သူများလေးများအတွက်အကောင်းဆုံးဇတ်ကားလေးပါလိုနိဂုံးချူပ်ရင်းဘေကုန်ရကျိူးနပ်
မယ့်ဇတ်ကားတစ်ကားလိုညွန်းချင်ပါတယ်
Rudolf the Black Cat (2016)
ဇာတ်ကားလင့်
https://t.me/c/2186686827/395
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
