Mission Impossible -The Final Reckoning အတွက် Tom Cruise ဟာ လီတာ ၈.၅ သန်း ပမာဏရှိတဲ့ ရေကန်တစ်ခုထဲမှာ ကိုယ်တိုင်ရေငုပ်ပြီး ရိုက်ကူးခဲ့ပါတယ်။ ဒီလိုရိုက်ကူးရာမှာ ရေအောက်ထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်သိပ်သည်းမှုများတာကြောင့် အောက်ဆီဂျင်မပြတ်လပ်ဖို့ သူဟာ ၁၀ မိနစ်တစ်ခါ ရေငုပ်ဝတ်စုံ ကိုလဲပြီး ဝတ်ဆင်ရပါတယ်။
ဒါ့အပြင် အထူးဒီဇိုင်းထုတ်ထားတဲ့ မီးတွေပါတဲ့ ရေငုပ်ဝတ်စုံကိုလည်း ဝတ်ဆင်ခဲ့ပြီး ရိုက်ကူးမှုကို အချိန်အတော်ကြာရိုက်ကူးခဲ့ရပါတယ်။
Tom Cruise ဟာ အသက် 62 နှစ်ရှိပြီဖြစ်ပြီး သေမင်းကို အံတုနေတဲ့ ဇာတ်လမ်းတွဲတွေမှာ ကိုယ်တိုင် စတန့်လုပ်ပြီး ဆက်လက်ပါဝင်နေတုန်းဖြစ်ပါတယ်။
သင်မသိသေးတဲ့အချက်က Tom Cruise မှာ လေယာဉ်မှူးလက်မှတ်၊ အိမ်ခြံမြေ၊ မော်တော်ဆိုင်ကယ်လိုင်စင်၊ လေထီးခုန်တာနဲ့ လှေစီးခွင့် လိုင်စင်များစွာကို ကိုင်ဆောင်ထားတယ်ဆိုတာပါပဲ။

image