“သူတို့က ကျွန်တော့်ကို မလေးစားကြဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်က လူမည်းမို့လို့ပါ”
Paapa Essiedu က Severus Snape အဖြစ် ရွေးချယ်ခံခဲ့ရတဲ့အပေါ်မှာ အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေခံခဲ့ရလို့ ပြိုလဲခဲ့ဖူးတယ်လို့ပြောလာပါတယ်။
မင်းသား Paapa Essiedu ကတော့ သူ့ခံစားနေရတဲ့ စိတ်ခံစားချက်တချို့ကို အခုလို ပြောပြလာပါတယ်။
HBO ကနေ မကြာခင်ရိုက်ကူးမယ့် Harry Potter Project မှာ Severus Snape အဖြစ် သူ့ကို ရွေးချယ်ခဲ့တဲ့ အပေါ် Online ပေါ်က ပရိတ်သက်တချို့ရဲ့ လူမျိုးရေး ခွဲခြားတဲ့ တုံ့ပြန်မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုပြောဆိုမှုတွေကြောင့် လူမှုကွန်ယပ်တော်တော်များများမှာ ပရိသတ်တွေကြား ငြင်းခုံမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
The Guardian နဲ့ အင်တာဗျူးမှာ Essiedu က သူဟာ Snape နေရာအတွက် ရွေးချယ်ခံခဲ့ရပေမယ့် လူမျိုးရေးနဲ့ဆိုင်တဲ့ တုံ့ပြန်မှုတွေ ခံနေရကြောင်း ပွင့်ပွင့်လင်းလင်း မျှဝေခဲ့တယ်။ သူကတော့ လူမျိုးရေးထက် အရည်အချင်းကိုကြည့်ပါလို့ဆိုပါတယ်။
သူတို့က ကျွန်တော့်ကို မလေးစားကြဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်က လူမည်းမို့လို့ပါ။ ကျွန်တော်ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကိုတွက်ရင် ဘာမှ မဆီမဆိုင်ဘူးလို့ ခံစားရတယ်လို့ ပြောလာပါတယ်။
Paapa Essiedu ကတော့ J.K. Rowling နဲ့ပတ်သက်ပြီးလည်း တိုက်ရိုက်မပြောပဲ သွယ်ဝိုက်ပြီးပြောခဲ့တာဖြစ်ပြီး လူရွေးခံရတုန်းက စိတ်မသက်မသာဖြစ်ရတယ်လို့ဆိုပါတယ်။
Harry Potter TV Series ကတော့ လက်ရှိမှာ John Lithgow မှ Albus Dumbledore အဖြစ်၊ Janet McTeer မှ Minerva McGonagall အဖြစ်၊ Paapa Essiedu မှ Severus Snape အဖြစ်၊ Nick Frost မှ Rubeus Hagrid အဖြစ်၊ Luke Thallon မှ Quirinus Quirrell အဖြစ် နဲ့ Paul Whitehouse မှ Argus Filch အဖြစ်ပါဝင်သရုပ်ဆောင်ထားကြမှာဖြစ်ပါတယ်။
Ref - Luxury Blog

image