5 ပတ် - ဘာသာပြန်ပါ။

ဘုရားစင်နဲ့ Gym
ရုတ်တရက် တွေးရခက်သွားသလား။
ကျွန်တော် ခဏခဏတွေးဖြစ်တဲ့ analogy ( ခေါ် ) နှိုင်းယှဉ်မှုလေးပါ။
Gym မှာဆော့တဲ့ အချိန်နဲ့ ဘုရားစင်ရှေ့ရောက်တဲ့အခါ ဘာတူလဲဆိုတော့
ထားတဲ့စိတ်ပေါ်မှာ မူတည်ပြီး အကျိုးသက်ရောက်မှု ရှိတယ် ဆိုတဲ့
အချက်တူတယ်။
Gym မှာ ကျွန်တော်တွေ့ဖူးတဲ့ လူတချို့ဆိုရင် ၂နာရီ ၃နာရီလောက်
ဆော့ကြတယ်။ ဒါပေမယ့် နည်းစနစ်ကျကျ မဟုတ်ဘူး။ လေ့ကျင့်ခန်း
တစ်ခုနဲ့ တစ်ခု ကြားမှာ အနားယူတဲ့အချိန်က ယူချင်သလို ယူတယ်။
Selfie ဆွဲလိုက် ၊ ဖုန်းပြောလိုက် ပြီးတော့ တခြားလူတွေနဲ့
စကားလေးပြောလိုက် ၊ အဲပြီးမှ လေ့ကျင့်ခန်းလေး ပြန်လုပ်လိုက်။
လတွေသာ ကြာသွားတယ်။ ခန္ဓာကိုယ်မှာ သိသိသာသာ ဘာတိုးတက်မှုမှ မရှိဘူး။
အဲဒီလို ၂နာရီ ၃နာရီလောက် အီးယောင်ဝါး လုပ်တာထက် နာရီဝက်လောက်ကိုပဲ
အာရုံစူးစိုက်မှု အပြည့်နဲ့ လုပ်တဲ့သူက အများကြီး ထိရောက်သလို သိသာမှုလည်း
အများကြီး ကွာလိမ့်မယ်။ ဒီနေ့ရင်အုံနဲ့ ကျောကို အဓိက ဆွဲမယ်ဆိုရင်
သီချင်းနားထောင်တတ်ရင်လည်း headphone တပ် အသက်ဝဝ ရှူပြီး
ကိုယ် target ထားတဲ့ Muscle group ကြွက်သား အဖွဲ့အစည်းတွေကို
concentration ( စူးစိုက်မှု ) အပြည့်နဲ့ အလုပ်များများ ခိုင်းပစ်လိုက်။
ဟို အခုနက ပြောတဲ့ အီယောင်ဝါး လုပ်နေတဲ့သူ တစ်နှစ်ပြည့်လို့
ဘာမှမထူးတဲ့အချိန်မှာ ကိုယ်က လုံးဝ fit ဖြစ်သွားပြီ။
stamina ( လုပ်နိုင်စွမ်း ) ရော Strength ( လုပ်နိုင်အားရော ) ပိုတက်သွားပြီ။
ထိုနည်းအတိုင်းပဲ ဘုရားစင်ရှေ့ရောက်တဲ့အချိန်မှာ တချို့ ဘုရားတွေ
အကြာကြီး ရှိခိုးကြတယ်။ ဘုရားစာတွေလည်း အများကြီး ရကြတယ်။
ဒါပေမယ့် အာရုံ စူးစိုက်မှုမှာ သဒ္ဓါနည်းတော့ ဘာအကျိုးမှ ထိရောက်မှု မရှိဘူး။
စိတ်တွေက တောင်ရောက် ၊ မြောက်ရောက် ၊ စိတ်တိုစရာတွေတွေး ၊
အကုသိုလ်တွေပွား၊ ပါးစပ်ကတော့ ဘုရားစာတွေ တတွတ်တွတ်ရွတ်
ဘယ် ခရီးမှ မရောက်ဘူး။ တချို့ဆိုရင် ဒေါသတောင် ပိုကြီးလာသလားပဲ။
ဒါကြောင့် တချို့ဆရာတော်တွေ ပြောတာ ဖြစ်နိုင်တယ်။ ကိုယ့်ဟာကိုယ်
နေတုန်းက အကောင်းတဲ့၊ ရိပ်သာ ရောက်တော့မှ အကုသိုလ်တွေ အတုံးလိုက်
အတစ်လိုက် ရတော့တာပဲတဲ့။
ဇဏ်ခီ ၏ ကိုယ်တိုင် သိရှိသွားမှု စာအုပ်၊ ဘုရားစင် နဲ့ Gym စာစုမှ ကောက်နုတ်ဖော်ပြပါသည်။

image