5 ပတ် - ဘာသာပြန်ပါ။ - Facebook

မာန နဲ့ အာဃာတ
"ရှင့်ကို ကျွန်မ တခါတည်းတွေ့ဖူးတောင်မှ အဲဒီတခါတည်းနဲ့ပဲ ကျွန်မ ရှင့်ကို မုန်းမိမှာ အမှန်ပဲ။မုန်းသမှ ရှင်ရယ်..... တကမ္ဘာလုံးမှာ ယောက်ျားတွေအကုန်လုံးသေကုန်ပြီး ရှင်တယောက်တည်း ကျန်နေတောင် ရှင့်ကို မယူဘူး။စိတ်သာချ..."
__________________________________
#pride and prejudice
By Jane Austen
#မာန နှင့် အာဃာတ
တင့်တယ် (မြန်မာပြန်)
နယ်သာဖီး စံအိမ်ကြီးကို
အင်္ဂလန်‌ မြောက်ပိုင်းက ကျိကျိတက် ချမ်းသာတဲ့ မစ္စတာ ဘင်ဂလေ ဆိုသူ လူငယ်လေး ပြောင်းရွှေ့လာရာက ဇာတလမ်း စပါတယ်။
မစ္စတာဘင်းနက်မှာ သမီးချည်းပဲ ငါးယောက်ရှိတယ်။ ဂျိန်း၊အယ်လီဇဘတ်၊လစ်ဒီယာ၊မေရီ နဲ့ ကက်သရင်း တို့ပါ။
မစ္စဘင်းနက်ဟာ သူ့သမီးတွေ အိမ်ထောင်ရက်သားကျဖို့ပဲ တွေးနေတဲ့
ခပ်ပေါပေါ မိန်းမကြီးပေါ့။
ဆိုတော့ လူပျိုလူလွတ် ဘင်ဂလေနဲ့ ဂျိန်းကို အိမ်ထောင်ကျစေချင်ပါတယ်။
ဂျိန်းတို့ဟာ အလယ်လတ်တန်းစားတွေဆိုတော့
ဘင်ဂလေရဲ့ သူငယ်ချင်း မြေပိုင်ရှင်၊အထက်တန်းလွှာက မစ္စတာဒါစီက သဘောမတူပါဘူး။သူက ဂုဏ်ရည်မတူဘူးလို့ မြင်ပါတယ်။
ကပွဲမှာတောင် သူက အထက်တန်းစားမို့
အလယ်လတ်တန်းစားဖြစ်တဲ့ အယ်လီဇဘတ်နဲ့ အတူတွဲကဖို့ ဒါစီဟာ
ငြင်းခဲ့ပါတယ်။ " သူနဲ့ တွဲကရလောကါအောင် မလှပါဘူး " လို့လည်း
စကားကျွံခဲ့ပါသေးတယ်။ဒါက
ဒါစီ ရဲ့ မာန ပါ။ ဒါစီဟာ အထက်တန်းစားဆိုတဲ့ မာနဂုဏ် အင်မတန်မောက်တဲ့သူပါ။
အယ်လီဇဘတ်ကတော့ သူ့ကို အထင်သေး၊အမြင်သေးနဲ့ ဆက်ဆံသွားတဲ့အပြင် ၊ သူ့အစ်မ ဂျိန်းနဲ့ ဘင်ဂလေတို့ရဲ့ ချစ်ခြင်းကို ခွဲခဲ့တဲ့သူမို့ ဒါစီအပေါ် အငြိုးမပြေနိုင်ဘဲ အာဃာတ ထားမိခဲ့သူပါ။
မာန နဲ့ အာဃာတ ဟာ လူ့စရိုက်ကြိ သရုပ်ဖော်ရာမှာ အတော်ပီပြင်ပြီး စရိုက်စုံပါတဲ့ ဂန္ထဝင် ဝတ္ထုကြီးတပုဒ်ပါ။
စာရေးဆရာမ ဂျိန်း အော်စတင်ဟာ
၁၇၇၅ မှာ မွေးဖွားခဲ့တဲ့အတွက် မြန်မာ့သမိုင်းနဲ့ တွက်ကြည့်ရင် ကုန်းဘောင်ခေတ်အစောပိုင်း၊ သီပေါမင်း ပါတော်မမူခင် နှစ်ပေါင်း ၁၁၀ လောက်က မွေးခဲ့သူပါ။(အကြမ်းဖျင်းပါ။)
မာန နဲ့ အာဃာတ စာအုပ်ထွက်တာက ၁၈၁၃ ဆိုတော့ စာအုပ်ဟာ သီပေါမင်း ပါတော်မမူခင် ၇၂ နှစ်လောက်က ဖြစ်တဲ့အတွက် အတော်ကို စောတဲ့ စာပေတခုပါပဲ။အံ့ဩစရာကောင်းတာက ဂျိန်း အော်စတင်ဟာ စရိုက်ဖွဲ့၊ မေတ္တာဖွဲ့ အချစ်ဇာတ်လမ်းကို ရေးသားခဲ့ပေမယ့်
သူဟာ ဘဝကို ရိုးရိုးစင်းစင်း အပျိုကြီးဘဝနဲ့ ဖြတ်သန်းခဲ့သူဖြစ်ပြီးတော့ ၁၆နှစ်အရွယ်ထိ ခရီးတိုသွားဖူးတာကလွဲပြီး ပြင်ပကို ဝေးဝေးလံလံ ခရီးမသွားဖူးပါဘူးတဲ့။မိသားစုအဝန်းအဝိုင်းမှာဘဲ ကျင်လည်ခဲ့ပါသတဲ့။စာရေးတော့လည်း မိသားစုတွင်း ဖတ်ရှူ ဖျော်ဖြေဖို့ပါပဲတဲ့။
ဒီလောက်လေး ရည်ရွယ်တာတောင် ဒီဝတ္ထုကြီးက အတော်ကို ကောင်းမွန်ပြီး
ဂန္ထဝင်ဖြစ်လာတာဟာ အံ့ဩစရာပါပဲ။
တကယ့်ပါရမီရှင်ကြီးပါ။
ဇာတ်ကောင်စရိုက်တွေကို အကြမ်းဖျင်းကြည့်ရင်
မစ္စတာ ဘင်းနက်က ငေါ့တော့တော့၊သရော်တော်တော်၊
မစ္စဘင်းနက်က ပေါချာချာ၊သမီးတွေကို
အမြန်စွံစေချင်နေသူ၊စိတ်သဘောကောင်း၊
ဂျိန်းကျတော့ အကောင်းမြင်သမား၊
ဘယ်သူ့ဖြစ်ဖြစ် အပြစ်မမြင်တတ်သူ၊
မြုံစိ။
အယ်လီဇဘတ်ကျတော့ ပွင့်ပွင့်လင်းလင်း၊မဟုတ်မခံ၊ ဇတ်ဇတ်ကျဲ၊
ဒါပေမယ့် ဂုဏ်သိက္ခာကို တန်ဖိုးထားတတ်သူ။
မေရီက စာကြီးပေကြီးသမား၊
စာအုပ်တွေထဲမှာ ပျော်တတ်သူ၊
တခုခုဆို စာသံပေသံနဲ့ ပြောတတ်သူ။
လစ်ဒီယာ က ပြောရဲဆိုရဲ၊
ပွင့်လင်းရဲတင်းပြီး ဆတ်ကော့လက်ကော့နိုင်သူ၊ ဝစ်ခမ်းကို သူကပဲ ခိုးခိုင်းသူ။
ဘင်ဂလေ က ပျော်တတ်ရွှင်တတ်ပြီး
ကိုယ်ပိုင်ဆုံးဖြတ်ချက်ပင် မချနိုင်သူ၊
တွေဝေသူ။
တကယ့်ဇာတ်ဆောင်က မစ္စတာဒါစီ။
မာနကြီးသူ၊ထောင်လွှားသူ၊မောက်မာသူ၊ဘင်ဂလေရဲ့ အချစ်ရေးကို ဝင်ရောက်စွက်ဖက်သူ၊
သူငယ်ချင်းကို အောက်တန်းစားမိန်း‌ကလေးနဲ့ ညားမှာစိုးတဲ့အတွက်
ဖျက်ခဲ့ရတာပါ လို့ ဘွင်းဘွင်းပြောသူ၊
အယ်လီဇဘတ်နဲ့ သူဟာ ဂုဏ်ရည်မတူပါလို့ ချစ်စကားပြောရာမှာတောင်
ထည့်ပြောတဲ့သူ၊
နောက်ဆုံးသူ့ကိုပဲ
လူကြီးလူကောင်းအဖြစ်၊ ဂုဏ်သရေရှိ လူတယောက်အဖြစ်၊ခွင့်လွှတ်တတ်သူကြီးအဖြစ် ပြန်ပြီး သရုပ်ဖော်သွားပါသေးတယ်။
နောက် မစ္စဘင်ဂလေ
သူက ဂုဏ်သရေရှိအထက်တန်းစားဆိုပေမယ့် အတင်းဖျင်းပြောသူ၊ကဲ့ရဲ့တတ်သူ။
တရားဟောဆရာကောလင်း
ပေါတောတောနဲ့ အထက်တန်းစားတွေနဲ့
ပေါင်းရသင်းရတာကိုပဲ ဂုဏ်ယူဝံ့ကြွားနေသူ။
ဝစ်ခန်း ကတော့ အထက်တန်းစားတွေနဲ့နေရပေမယ့်
အောက်တန်းစားစိတ်ဓာတ်ရှိသူ။
သူ့ကြောင့် ဒါစီဟာ ပိုမိုထင်ပေါ်လာရပါတယ်။
ရီရတာက
ဒါစီ အဒေါ် လေဒီကက်သရင်းပါ။
အယ်လီဇဘတ်နဲ့ စကားပြိုင်ပြောမှ
သူ့ရဲ့ အမူအကျင့်နဲ့ စိတ်သဘောထားက
ပေါ်လွင်လာပါတော့တယ်။
ခြုံပြောရရင်
မာနနဲ့ အာဃာတ ဟာ
လူ့စရိုက်ကို သရုပ်ဖော်ရာမှာ
လက်ဖျားခါလောက်အောင် စုံစေ့လှ၊နိုင်နင်းလှတဲ့ ဝတ္ထုကြီးပါပဲ။
ကုန်းဘောင်ခေတ်ကတည်းက ပေါ်ခဲ့တဲ့
ဝတ္ထုကြီးကို နှစ်ပေါင်း ၂၅၀ နီးပါး ကြာမှ
ဖတ်ခွင့်ရတဲ့အတွက် နောင်တလည်း
ရမိပါရဲ့။ ဘာသာပြန်ပေးသူ ဆရာတင့်တယ်ကိုလည်း ကျေးဇူးလည်း တင်မိပါရဲ့။
ဆရာတင့်တယ် ရဲ့ စာအုပ်ကတော့
ရှာရခက်သွားပါပြီ။ စာတန်းထိုး ဇာတ်လမ်းကြည့်ချင်ရင်တော့
ဒီမှာကြည့်လို့ ရပါတယ်ခင်ဗျာ။
https://www.facebook.com/share/v/12M77bRg2zE/

imageimage