ဂါဇာဒေသခံများကို အကူအညီပေးရန် ဂျပန်နှင့် ကုလသမဂ္ဂ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာအေဂျင်စီတို ပူးပေါင်းဆောင်ရွက်မည်
*********************
(နိုင်ငံတကာ)
လူသားချင်းစာနာထောက်ထားမှု အကူအညီများလိုအပ်နေသည့် ဂါဇာဒေသခံများကို အကူအညီပေးရာ တွင် ဂျပန်နိုင်ငံနှင့်ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ အေဂျင်စီတို့အကြား ပူးပေါင်းဆောင်ရွက်ရန် ဂျပန်ဝန်ကြီးချုပ်အီရှီဘာနှင့် ကုလသမဂ္ဂ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ အေဂျင်စီအကြီးအကဲတို့အကြား သဘောတူခဲ့ကြောင်း မေလ ၂၇ ရက် NHK သတင်းအရ သိရသည်။

ဂျပန်ဝန်ကြီးချုပ် အီရှီဘာ သည် ကုလသမဂ္ဂ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာအေဂျင်စီအကြီးအကဲ ဖိလစ်ပီလာဇာနီနှင့် တိုကျိုမြို့တွင် မေလ ၂၆ ရက်က တွေ့ဆုံခဲ့ ကြောင်း သိရသည်။

၎င်းအေဂျင်စီ၏ ပါလက်စတိုင်းဒုက္ခသည်များအား ကူညီဆောင်ရွက်မှုများအပေါ် အသိအမှတ် ပြုကြောင်း အီရှီဘာ က ပြောကြားသည်။ ၎င်းဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်နိုင်သည့် ပတ်ဝန်းကျင် တစ်ခုကို တည်ထောင်ရန်အရေးကြီးကြောင်းနှင့် ဂျပန်နိုင်ငံအနေဖြင့်လည်း ၎င်းကိစ္စအောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဟု အီရှီဘာ က ပြောကြားသည်။

ဂျပန်နိုင်ငံ၏ ၎င်းဒုက္ခသည်များအပေါ် ပံ့ပိုးရေး ဆောင်ရွက်မှုများကို အသိအမှတ်ပြုကြောင်းနှင့် ဂါဇာဒေသခံ ၅၀၀,၀၀၀ ခန့်မှာ အငတ်ဘေးဆိုက်ရောက်နေ ကြောင်း ဖိလစ်ပီလာဇာရီ က ပြောကြားသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

image