5 w - Translate

အီလွန်မတ်စ်ရဲ့ Starship ဒုံးပျံ ထပ်မံ ပျက်ကျ
ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာ အီလွန်မတ်စ်ပိုင် SpaceX က Starship ဒုံးပျံ တတိယအကြိမ်မြောက် ပျက်ကျခဲ့ပြန်ပါတယ်။
မေလ ၂၇ ရက် အင်္ဂါနေ့ တက္ကဆက်ကနေ လွှင့်တင်တဲ့ Starship မဂ္ဂါဒုံးပျံဟာ အစမ်းပျံသန်းမှုအတွင်းမှာ ပျက်ကျခဲ့တာပါ။ ပေ ၄၀၀ ရှည်တဲ့ ဒီ Starship ဒုံးပျံကို SpaceX ပိုင် Starbase အခြေစိုက်စခန်းကနေ လွှင့်တင်ခဲ့ရင်း ပထမအဆင့် Super Heavy booster မှာ ပေါက်ကွဲသွားခဲ့တာလို့ ပြောပါတယ်။
ဒီတစ်ခေါက်က သုံးပြီးသား booster ဒုံးပျံကို ပထမဆုံးအကြိမ် ပြန်သုံးတာ ဖြစ်ပြီး ယာဉ်အပေါ်အကန့်လောင်စာယိုစိမ့်မှုကြောင့် ကမ္ဘာ့လေထုထဲ ပြန်မဝင်နိုင်ခင် booster နဲ့ ထိန်းချုပ်မှုလွတ်သွားခဲ့တာပါ။ လောင်စာယိုစိမ့်မှုကြောင့် ပင်မလောင်စာကန်ဖိအား ဆုံးရှုံးခဲ့ပြီး အထိန်းအချုပ်လွတ်တဲ့အနေအထား ရောက်သွားခဲ့တာလို့ ဆိုပါတယ်။
အစီအစဉ်အရ ကမ္ဘာပတ်လမ်းထဲ mock satellite ၈ ခု လွှင့်တင်ပြီး ပြန်ဆင်းလာဖို့ လုပ်ထားပေမယ့် payload တံခါးမပွင့်ခဲ့လို့ ဂြိုဟ်တုတွေ မလွှင့်တင်နိုင်ခဲ့ပါဘူး။ ကမ္ဘာလေထုထဲ အထိန်းအချုပ်မဲ့ ပြန်ဝင်လာပြီး အိန္ဒိယသမုဒ္ဓရာထဲ ပျက်ကျသွားတာပါ။
၂၀၂၃ ဧပြီလမှာ စတင်ခဲ့တဲ့ Starship စမ်းသပ်ပျံသန်းမှုက အခုနဲ့ဆို ၉ ကြိမ်မြောက် ရောက်ခဲ့ပါတယ်။ ဒီတစ်ခေါက်က တတိယအကြိမ် ပျက်ကျတာ ဖြစ်ပြီး အရင် Test flight နှစ်ခုတုန်းက ၁၀ မိနစ်ကြာ ပျံသန်းပြီး ပျက်ကျခဲ့တာပါ။ အခုပျံသန်းမှုတွေက အင်္ဂါဂြိုလ်ပေါ် လူသားတွေ စေလွှတ်မယ့် အီလွန်မတ်စ်ရဲ့ အိပ်မက်တွေလည်း ဖြစ်ပါတယ်။
အီလွန်မတ်စ်ကတော့ အခုပျက်ကျမှုကနေ ပြန်သုံးသပ်စရာ အချက်အလက်ကောင်းတွေ အများကြီးရခဲ့တယ်လို့ ပြောပြီး နောက်ထပ် ပျံသန်းမှု ၃ ခုကိုလည်း ၃-၄ ပတ် ၁ ခုနှုန်း လုပ်မယ်လို့ ဆိုပါတယ်။

image