#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တရုတ်တွင် ဓာတုဗေဒစက်ရုံ ပေါက်ကွဲမှု ငါးဦးသေပြီး ၁၉ ဦးဒဏ်ရာရ
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုန်းပြည်နယ်ရှိ ဓာတုစက်ရုံတစ်ရုံ တွင် ပေါက်ကွဲမှုကြောင့်လူငါးဦးထက်နည်း သေဆုံးပြီး ၁၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနက မေ ၂၇ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်သည်။
ဝေဖန်မြို့ရှိရှန်တုန်းယူဒို ကုမ္ပဏီပိုင်ဓာတုဗေဒစက်ရုံ တစ်စိတ် တစ်ပိုင်းသည် မေ ၂၇ ရက်မွန်းမတည့်မီ မိနစ်ပိုင်းအလိုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှုကြောင့် အနီးအနားရှိ နေအိမ်ပြတင်းပေါက်များပျက်စီးခဲ့သည်။
ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍အရေးပေါ်ဝန်ထမ်း ၂ဝဝ ကျော်ဖြန့်ကြက်ခဲ့ကြောင်း အာဏာပိုင်များကပြောသည်။ ဖြစ်စဉ်ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိမရှိကျွမ်းကျင်သူများ စေလွှတ်စမ်းသပ်ခဲ့ပြီး ထူးခြားအခြေအနေမရှိဟုဆိုသည်။
သို့သော် ဤအတောအတွင်းအနီးအနား၌ နေထိုင်သူများကို မျက် နှာဖုံးများဝတ်ဆင်ကြရန် တာဝန်ရှိသူများက အကြံပြုထားသည်။ အဆိုပါစက်ရုံကို ၂၀၁၉ ခုနှစ်ကတည်ဆောက်ခဲ့ပြီး ၄၇ ဟက်တာ ကျယ်ဝန်းကာဝန်ထမ်း ၃ဝဝ ကျော်ဖြင့်လည်ပတ်နေသည်။
ကုမ္ပဏီသည် ပိုးသတ်ဆေးနှင့်ဆေးဝါးများတွင် အသုံးပြုရန်အတွက် ဓာတုဗေဒပစ္စည်းများကို ထုတ်လုပ်ရောင်းချနေသည်။ တရုတ်နိုင်ငံတွင်၂၀၂၃ ခုနှစ်နှင့် ၂ဝ၂၄ ခုနှစ်တို့အတွင်း လူအသေအပျောက်များသည့် ဓာတုစက်ရုံပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။
စီအင်န်အေ
