5 ပတ် - ဘာသာပြန်ပါ။

မိမိသည်သာ မိမိ၏ကယ်တင်ရှင်
🙏🙏🙏🙏🙏🙏🙏🙏
ဘဝဆိုး မကျရောက်မိရန်
မိမိ၏ စေတနာဆိုးဖြင့်
တစ်ဖက်၏အကျိုး
ထိခိုက်ပျက်ပြားစေမှု မပြုကျင့်မိရန်
မိမိစိတ် မိမိထိန်းသိမ်းခြင်းဖြင့်
မိမိကိုယ်မိမိ ကယ်တင်ခြင်းသည်လည်းကောင်း …
ဘဝကောင်း လက်ရမိရန်
မိမိရှိ စေတနာကောင်းဖြင့်
တစ်ဖက်၏ကောင်းကျိုး သယ်ပိုးပေးတတ်ရန်
မိမိစိတ် မိမိနိူးဆော်ခြင်းဖြင့်
မိမိကိုယ်မိမိ ကယ်တင်ခြင်းသည်လည်းကောင်း …
ကိုယ်ကိုယ်တိုင်သာ တတ်စွမ်းနိုင်ချေရာ
မိမိသည်သာ မိမိ၏ ကယ်တင်ရှင်ဖြစ်ကြောင်း
ကောင်းကောင်းကြီး သဘောပေါက်ပါလေ …
ထို့ကြောင့် ....
သူ့တစ်ကိုယ်ကောင်း
မဖျက်စီးမိရန် သီလဖြင့် ထိန်းသိမ်းပါ။
သူ့တစ်ကိုယ်ကောင်း
အားပေးရန် ဒါနဖြင့် တည်ဆောက်ပါ။
မိမိစိတ် သန့်ပြန့်စင်ကြယ်ရန်
သရဏဂုံဖြင့် ဆေးကြောပေးပါ။
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

image