5 w - Translate

#ပြည်တွင်းသတင်း
◼လေဖိအားနည်းရပ်ဝန်း ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည်လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(မေ ၂၈ ရက်) နံနက် ၁၁ နာရီကထုတ်ပြန်ထားသည်။
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)တွင် ဖြစ်ပေါ နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ လာမည့် ၂၄ နာရီအတွင်းမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်‌ကြောင်း ခန့်မှန်းထားသည်။
မိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်ကလည်း "၄၈ နာရီအတွင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မကွေးတိုင်း(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ကချင်ပြည်နယ်တို့တွင် မိုးရေချိန် ၁၆၀ မီလီမီတာအထက်(၆ ဒသမ ၃၄ လက်မ)အထိရွာသွန်းနိုင်သည်" ဟု ခန့်မှန်းထားသည်။
လာမည့်ဇွန်လတွင်လည်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၂၂ ရက်မှ ၂၇ ရက်ခန့်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း(အနောက်ပိုင်း)၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် ၁၆ ရက်မှ ၂၁ ရက်ခန့်၊ နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ကယားပြည်နယ်နှင့်ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင် ၁၀ ရက်မှ ၁၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ- CJ

image