Monster House ဆိုတဲ့ ဇာတ်ကားလေးကို
ကျွန်တော်တို ငယ်ငယ်က ၆ကားတွဲအခွေတွေမှာ ကြည့်ဖူးကြမယ်ထင်ပါတယ်။
အဲ့ဒီတုန်းကတော့ စာပါတာတွေရော စာမပါတာတွေရောနဲ့
အင်္ဂလိပ်လို ကြည့်ကောင်းကြည့်ခဲ့ရမှာပါ။
အခုတစ်ခါတော့ ငယ်ငယ်ကနားမလည်ပါးမလည်ကြည့်ခဲ့ဖူးတဲ့
ဇာတ်ကားကောင်းလေးကို တစ်ခါပြန်ပြီးတော့ ကြည့်လိုက်ကြရအောင်ပါ။
အမြဲမှန်ပြောင်းတစ်ခုနဲ့ အလုပ်ရှုပ်နေတတ်တဲ့ DJ တစ်ယောက်က
သူ့အိမ်ရှေ့အိမ်ကိုအမြဲစူးစမ်းနေတတ်ပါတယ်။
အမြဲတိတ်ဆိတ်ပြီးတော့ ကလေးတွေကို မနှစ်သက်၊
ကလေးတွေလာရင် မောင်းထုတ်တဲ့ Mr. Nebbercracker ရဲ့ အိမ်ကြီး
Mr. Nebbercracker က ကလေးတွေတော်တော်မုန်းတဲ့သူဗျ
ကလေးတွေကလည်းသူ့ကိုကြောက်ကြ
သူ့ကိုကြည့်မရတဲ့ လူဆိုးလေးတွေကလည်း အိမ်ကိုနည်းမျိုးစုံနဲ့ နှောက်ယှက်ကြနဲ့
ကလေးတွေ အများဆုံးလမ်းပေါ်ထွက်တဲ့ Holloween ကာလဆိုတာကလည်း
Mr. Nebbercracker အတွက် အမုန်းဆုံးအချိန်ဖြစ်လာတော့တာပေါ့
ဒါပေမယ့် သူဘာလိုဒီလောက်တောင် ပစ်ပစ်ခါခါဖြစ်နေရတာလဲဆိုတဲ့နောက်ကွယ်ကအကြောင်းအရင်းလေးတွေရှိသေးတယ်
ဒီလိုအကြောင်းအရာတွေကိုဖော်ထုတ်ဖို အကြောင်းဖန်လာတော့ DJ တို ကလေးတစ်သိုက်ကဘယ်လိုတွေလုပ်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်လိုက်ရအောင်ဗျာ
Monster House (2006)
ဇာတ်ကားလင့်
https://t.me/c/2186686827/386
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
