Chapter 9_______Legacy
ရယ်မောဟားတိုက်သံတွေ၊ ငွေကြေးအခက်အခဲတွေကြားထဲကနေ၊ အန်ဇိုဖရာရီ ဆီ ပြောခဲ့တဲ့ "ကားတစ်စီးဆိုတာ ဘယ်လိုဖြစ်သင့်သလဲဆိုတာ ခင်ဗျားကို ကျုပ်ပြမယ်" ဆိုတဲ့စကားကို သက်သေပြပြီးတဲ့နောက် ဖရူချီယိုဟာ ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်၊ အီတလီနိုင်ငံ ပီရူးဂျား(Perugia, Italy) မြို့လေးမှာ ဆုံးပါးသွားခဲ့ပါတယ်။ အသက် ၇၇ နှစ်ပြည့်မွေးနေ့ ရောက်ဖို့ ၂ လ အလိုမှာပါ။ ဘဝမှာ သုံးကြိမ်အိမ်ထောင်ကျခဲ့ပြီး သားသမီး ၂ ယောက်ထွန်းကားခဲ့ပါတယ်။
သားဖြစ်သူ တိုနီနို က Tonino Lamborghini ဆိုတဲ့ နာမည်နဲ့ Fashion Brand တစ်ခုတည်ထောင်ခဲ့ပြီး သမီးဖြစ်သူ ပတ်တရီဇီယာ(Patrizia Lamborghini) က Lamborghini Brand နဲ့ ဝိုင်တွေထုတ်လုပ်နေပါတယ်။ လန်ဘိုဂီနီကားတွေရဲ့ ဖခင်ကြီးဖရူချီယိုဟာ သားသမီးတွေဖြစ်သူတွေကို အမွေပေးခဲ့ရုံတင်မကဘဲ ကမ္ဘာကိုပါ နည်းပညာအမွေအနှစ်တွေ ပေးခဲ့ပါတယ်။ အဲ့တာကတော့ ယနေ့ခေတ် Supercar၊ Hypercar တွေ အသုံးပြုနေကြသေးတဲ့ rear mid-engine layout ပါ။ weight distribution အရမ်းကောင်းပြီး ကုပ်ဆွဲအား(traction) ကောင်းတဲ့အတွက် Lamborghini ရဲ့ ပြိုင်ဘက် Ferrari အပြင် Koenigsegg၊ BUGATTI တို့ကပါ ဆက်လက်အသုံးပြုနေကြပါတယ်။
စာအရှည်ကြီးကို အချိန်ပေးပြီး ဒီအထိ ဖတ်ရှုလာပေးတဲ့ သူတစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို တကယ်ဘဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျ
