Chapter 8_______Who owns Lamborghini
Military SUV စာချုပ်က ပျက်သွားပြီးနောက် လန်ဘိုဂီနီကုမ္ပဏီဟာ ဖျက်သိမ်းလုဆဲဆဲဖြစ်နေတဲ့အချိန် ၁၉၈၁ ခုနှစ်မှာ အီတလီအစိုးရကနေ ပြင်သစ်ဘီလျံနာသူဌေးနှစ်ယောက်ဆီ ဒေါ်လာ ၃ သန်းနဲ့ ရောင်းချခဲ့ပါတယ်။ သူတို့လက်မှာ မအောင်မြင်တဲ့အခါ Chrysler ဆီရောင်းလိုက်ပြန်ပါတယ်။ Chrysler ကလဲ Countach ရဲ့ successor Diablo ထုတ်တာအပြင်ဘာမှမလုပ်နိုင်လို့ ၁၉၈၇ မှာ မလေးရှားစီးပွားရေးလုပ်ငန်းစု SETDCO Group ဆီပြန်ရောင်းလိုက်ပြီး ၁၉၉၄ မှာ အင်ဒိုနီးရှား V'Power Corporation ဆီရောက်သွားပြန်ပါတယ်။ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ ဘော်လီဘောပုတ်ခံနေရတဲ့ လန်ဘိုဂီနီကုမ္ပဏီဟာ နောက်ဆုံးမှာတော့ AUDI လို့ခေါ်တဲ့ မမ ဆီမှာ မြဲသွားပါတော့တယ်။ (Arthur Note: မမတွေကိုဘဲ ချစ်ပါ😆)
Volkswagen Group လက်ဆောက်ခံ AUDI ဟာ လန်ဘိုဂီနီကို ၁၉၉၈ မှာ ဒေါ်လာ သန်း ၁၁၀ နဲ့ ဝယ်ယူခဲ့ပြီး ၂၀၀၀ ခုနှစ်ရဲ့ နာမည်ကျော် လန်ဘိုဂီနီကားကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒါကတော့ Lamborghini Murciélago ပါ။ ကျွန်တော့် personal favorite ပေါ့။ ၂၀၀၈ ခုနှစ်အတွင်း financial crisis တွေဖြစ်ခဲ့ပေမယ့် AUDI နဲ့ Volkswagen ဟာ လန်ဘိုဂီနီကုမ္ပဏီကို မရောင်းခဲ့ဘဲ ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ Murciélago ထက်ပိုပြီး affordable ဖြစ်တဲ့ Gallardo ကိုထုတ်ပြီး production model 12 ခု၊ special edition 22 ခုနဲ့ ၂၀၀၉-၂၀၁၄ ခုနှစ်အတွင်း အရောင်းရဆုံးကားဖြစ်လာခဲ့ပါတယ်။ ယနေ့အရောင်းရဆုံး Lamborghini model ကတော့ Urus SUV ပါ။
