5 w - Translate

Chapter 7_______Rambo Lambo

ဖရူချီယိုရဲ့ လန်ဘိုဂီနီကား​တွေက ​ရောင်း​ကောင်း​ပေမယ့် တစ်ဖက်မှာ financial ပြသနာ​တွေ​နဲ့ Oil Crisis ပြသနာကြောင့် ၁၉၇၂ နှစ်ခုမှာ ဖရူချီယိုဟာ ကုပ္မဏီ ရှဲယာရဲ့ ၅၁% ကို ဆီဒင်စီးပွား​ရေးလုပ်ငန်းရှင် ​ဂျော့ဟင်နရီရိုဆက်တီ(George Henri Rossetti) ကို ​ရောင်းချခဲ့ပြီး ၁၉၇၃ မှာ ကျန်တဲ့ ရှဲယာ ၄၉% ကို ဟင်နရီရဲ့ သူငယ်ချင်း ရီ​နေးလိုင်းမာ (Renè Leimer) ကို ​ရောင်းချခဲ့ပါတယ်။ လန်ဘိုဂီနီကား​တွေရဲ့ ဖန်တီးရှင်ကြီး ဖရူချီယိုဟာ သူ့ရဲ့ ​နောက်​ဆုံးကား ဖြစ်တဲ့ Lamborghini Countach ကို release လုပ်ပြီး မကြာခင်မှာဘဲ အငြိမ်းစားယူခဲ့ပါတယ်။ ဘိုလစ်ဗီးယား နိုင်ငံကို လယ်ထွန်စက် အစီး ၅၀၀၀ ​ရောင်းမယ့် သ​ဘောတူညီချက်ဟာလဲ ၁၉၇၁ ခုနှစ် ဘိုလစ်ဗီးယားနိုင်ငံစစ်အာဏာသိမ်းမှု​ကြောင့် ဖျက်သိမ်းလိုက်ရတဲ့အခါ လန်ဘိုဂီနီကုမ္ပဏီရင်ဆိုင်​နေရတဲ့ ​ငွေ​ကြေးပြသနာ​တွေပိုကြီးလာပါတယ်။ Profit များများထွက်​အောင် မလုပ်နိုင်တာ​ကြောင့် ၁၉၇၇ မှာ အ​မေရိကန်စစ်တပ်အတွက် စစ်တပ်သုံး SUV ဆောက်​ပေးဖို့ စာချုပ်တစ်ခုချုပ်ဆိုခဲ့​သော်လည်း ဒီဇိုင်းတူညီ​နေတဲ့ ပြသနာ​ကြောင့် စာချုပ်ပျက်သွားခဲ့ပါတယ်။

(LM002 အ​ကြောင်းအပြည့်အစုံကို ထပ်တင်​ပေးပါဦးမယ်)

image