5 w - Translate

ပထမဆုံး လန်ဘိုဂီနီကား 350GT ရဲ့ မူလပုံကြမ်း 350GTV ကို ၁၉၆၃ ခုနှစ် Turin Motor Show မှာ ​တွေ့ရစဥ်

Chapter 5______The First Lamborghini

အန်ဇိုဖရာရီကို စိန်​ခေါ်ပြီး ၁၉၆၃ ခုနှစ်မှာ Automobili Lamborghini နာမည်နဲ့ ပြိုင်ကား​တွေ​ဆောက်ဖို့ စက်ရုံတစ်ရုံကို Sant' Agata မှာ တည်​ထောင်ခဲ့ပါတယ်။ (ယခုချိန်ထိ လန်ဘိုဂီနီပြိုင်ကား​တွေကို မူလစက်ရုံမှာ တည်​ဆောက်​နေဆဲပါ) ဖရာရီက ဝန်ထမ်း​ဟောင်းသုံး​ယောက်ကို အလုပ်ခန့်ခဲ့ပြီး ၉ လအတွင်းမှာတင် Naturally Aspirated V12 အင်ဂျင်သုံး ပထမဦးဆုံး လန်ဘိုဂီနီ 350GT ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ ထို V12 engine ဟာ ဖရာရီအင်ဂျင်နီယာ​ဟောင်း ဂျီယိုတို ဘစ်ဇရီနီ(Giotto Bizzarrini) တည်​ဆောက်​ပေးခဲ့တာဖြစ်ပြီး 400HP 11000RPM ထိ rev လုပ်နိုင်ပါတယ်။ ဒါ​​ပေမယ့် ဖရူချီယိုက သာမန် road car တစ်စီးဘဲလိုချင်တာမို့ 342HP ထိ ပြန်​​လျှော့လိုက်ပါတယ်။ ဘစ်ဇရီနီရဲ့ V12 engine က ​ကောင်းလွန်းတာမို့ ၂၀၁၀ မတိုင်ခင်ထိ ထိုအင်ဂျင်ရဲ့ ပုံစံကွဲ​တွေကို ဆက်လက်ပြီး အသုံးပြုခဲ့ပါတယ်။

image