Chapter 2_______Surviving WW2
ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး ပျော်ရွှင်စရာဘဝလေးပိုင်ဆိုင်နေတဲ့ ဖရူချီယိုရဲ့ နေ့ရက်တွေဟာ ကြာကြာမခံခဲ့ပါဘူး။ စစ်မှုမထမ်းမနေရစနစ်ကြောင့် ဒုတိယကမ္ဘာစစ်ထဲ ဝင်ခဲ့ရတာပေါ့။ အီတလီတော်ဝင်လေတပ်ရဲ့ သယ်ယူပို့ဆောင်ရေးပိုင်းမှာ mechanics အဖြစ်ဝင်ရောက်ခဲ့ပြီး ဂရိနိုင်ငံ၊ ရိုဒီကျွန်းမှာ တာဝန်ကျပါတယ်။ အီတလီက ဂျာမန်တွေနဲ့ ပူးပေါင်းခဲ့ပေမယ့် စစ်အသုံးစရိတ်မတတ်နိုင် တစ်ဘက်မှာလဲ နိုင်ငံက မွဲပြာကျနေတာမို့ စောစောစီးစီးဘဲ ၁၉၄၃ မှာ လက်နက်ချခဲ့ပါတယ်။ အီတလီဘက်က လက်နက်ချသော်လည်း ချက်ချင်းနေရပ်ကို မပြန်နိုင်သေးတာမို့ ဖရူချီယိုတို့ ကျွန်းကို ဂျာမနီဘက်ကသိမ်းလိုက်ပြီး ၁၉၄၄ မှာ မဟာမိတ်ဗြိတိသျှတပ်တွေ ကျွန်းကို ထပ်သိမ်းလိုက်ပါတယ်။ စစ်သုံ့ပန်းဆိုပေမယ့် ဖရူချီယိုက စက်ပြင်တဲ့နေရာမှာ ထူးချွန်တာကြောင့် ဗြိတိန်တပ်မှာ အကျဥ်းသားဘဝနဲ့ အလုပ်လုပ်ပေးခဲ့ပါတယ်။ ၁၉၄၅ မှာ အီတလီနိုင်ငံကို ပြန်ခွင့်ရပါတယ်။ ဒါပေမယ့် ဖရူချီယိုရဲ့ ကံကောင်းခြင်းက ခဏလေးပါဘဲ။ သူပြန်ရောက်ပြီး ၂ နှစ်အကြာမှာ ဇနီးဖြစ်သူ ကလဲလီယာ မွန်တီ(Clelia Monti) ဟာ သားဦးဖြစ်တဲ့ တိုနီနို လန်ဘိုဂီနီ(Tonino Lamborghini) ကို မွေးဖွားနေရင်း မီးတွင်းထဲမှာဘဲ ဆုံးသွားရှာပါတယ်။
