Snapdragon 8 Elite မဟုတ်ပဲ အဆင့်ပြန်လျော့သွားပြီ 🫠
.
Samsung ကနေ ဒီလာမယ့်နှစ်လယ်ပိုင်းမှာ Foldable ဖုန်းအသစ်တွေ - Galaxy Z Fold7 နဲ့ Z Flip7 ဖုန်းတွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဲ့ထဲက Flip Foldable ဖုန်းဖြစ်တဲ့ Galaxy Z Flip7 ဟာ ဒီနှစ်မှာ Chipset ပိုင်း အပြောင်းအလဲရှိလာမယ့်ပုံစံပါပဲ။
ဘာကြောင့်လဲဆိုရင် Galaxy Z Flip7 ဖုန်းလို့ယူဆရတဲ့ Codename "SM-F766U" နာမည်နဲ့ ဖုန်းရဲ့ Geekbench Benchmark တွေပေါက်လာခဲ့တာကြောင့်ဖြစ်ပြီး အဆိုပါ Z Flip7 ဖုန်းဟာ Snapdragon အစား Exynos 2500 Chipset ကို အသုံးပြုထားတာဖြစ်ပါတယ်။
Samsung Galaxy Z Flip7 ရဲ့ Exynos 2500 Chipset ဟာ 1 Core @ 3.30 GHz | 2 Cores @ 2.75 GHz | 5 Cores @ 2.36 GHz | 2 Cores @ 1.80 GHz အစရှိတဲ့ Core (၄) မျိုးပါဝင်တဲ့ 10-Core CPU နဲ့ Samsung Xclipse 950 GPU တွေကို အသုံးပြုထားပါတယ်။ RAM အနေနဲ့ 12GB ပါဝင်ပြီး Android 16 နဲ့ မိတ်ဆက်လာဖွယ်ရှိနေပါတယ်။
ဒါပေမယ့် Geekbench ရလဒ်တွေအရ Single-Core မှာ 2012 Points နဲ့ Multi-Core မှာ 7563 Points ပဲရရှိထားတာကြောင့် လက်ရှိ Snapdragon 8 Elite | Dimensity 9400 လို Flagship Chipset တွေနဲ့ယှဥ်ရင် အားနည်းနေမှာပါ။
ပြောရရင် ဒီ Exynos 2500 Chipset ထက် Xiaomi ရဲ့ ပထမဆုံး 3nm Chipset - XRING O1 ကတောင် အများကြီးပိုသာနေတာပဲ 🫠
