အချစ်တို့ ၊ အချစ်နှင့် ပတ်သက်သော သစ္စာတို့ စသည်မှာ ဝမ်းမပူရသူတို့၏ နှလုံးသားဆိုင်ရာ ဇိမ်ခံပစ္စည်းတစ်မျိုးပေလော ။
ဪ… နှင်းငွေတထောင့်တွင်
မိုးတမှောင့်ရယ်နဲ့ မနှောက်လိုက်ပါနဲ့ ဒေဝါရှင်
ဆောင်းအလှ နှင်းသဘင်
သဇင်ငွေ မငုံသေးပါဘူး
ပိတောက်နွေ ဟိုအဝေး
မြောက်လေသွေးတဲ့ ဟေမန်တော်အဝင်
မဖိတ်ခေါ်လေသော ဧည့်သည်သခင်
မုတ်သုန်အလွမ်းဇာတ် တခန်းရပ်တော့ရှင်
တိမ်ညိုမွဲ နှင့် ငိုပွဲဆင် နွမ်းဟိုက်ပြီထင်
သမုဒ်ပါဒ နောက်ကြောက်ငင်
မိုးနတ်မောင် ဥပါဒါန်လုလင်
ပန်းညှာငုံ နွဲ့နွဲ့ နှင်းမှုန်လဲ့လဲ့
သဲ့သဲ့ကျလျင်
ပဲတင်သံရိပ်တခိုးကြောင့်
လန့်နိုးမိသူတွင်
မြောက်ပြန်လေ ခရီးနုကို ညည်းသမုရှိုက်သံထင်
ငွေလကိုပဲမင် ကြယ်များကိုပဲသခင်
ဆောင်းည ဆိတ်ဆိတ်
တိတ်တိတ်နေချင် ။
တက္ကသိုလ်ဘုန်းနိုင်
