5 w - Translate

တရုတ်နိုင်ငံမှာ ပန်ဒါဝက်ဝံတွေကို ပြုစုစောင့်ရှောက်တဲ့အလုပ်နဲ့ ဝင်ငွေရှာနိုင်ပါတယ် ဒီအလုပ်ကို အဓိကအားဖြင့် စီချွမ်ပြည်နယ်က ပန်ဒါကာကွယ်ထိန်းသိမ်းရေး နဲ့ သုတေသနစင်တာမှာ ခန့်အပ်တာဝန်ပေးလေ့ရှိပြီး ပန်ဒါတွေကို အစာကျွေးတာ၊ သန့်ရှင်းရေးလုပ်တာ၊ စောင့်ကြည့်တာ၊ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုနဲ့ အပေါင်းအသင်းပြုလုပ်ပေးဖို့အတွက် ပွေ့ဖက်တာမျိုးတွေပါလုပ်ဆောင်ပေးရပါတယ်
ဒါက အချိန်ပြည့်အလုပ်ဖြစ်ပြီး တစ်နှစ်ကို ယွမ် ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃၂,၀၀၀ ခန့်) ရရှိမှာဖြစ်သလို အခမဲ့ အစားအသောက်၊ နေထိုင်စရာနဲ့ ကုမ္ပဏီကားကိုပါ အသုံးပြုခွင့်ရမှာပါ လျှောက်ထားသူတွေဟာ အနည်းဆုံး အသက် ၂၂ နှစ်ရှိရမှာဖြစ်ပြီး ပန်ဒါနဲ့ပတ်သက်တဲ့ အခြေခံဗဟုသုတရှိရမှာဖြစ်သလို ဓာတ်ပုံရိုက်တတ်တဲ့ အရည်အချင်းလည်း ရှိရပါမယ်
ဒါဟာ လွယ်ကူတဲ့အလုပ်တစ်ခုလို့ထင်ရပေမဲ့လည်း ထိန်းသိမ်းစောင့်ရှောက်ရေးအပေါ် စေတနာ နဲ့ စစ်မှန်တဲ့ စိတ်အားထက်သန်မှုရှိဖို့မဖြစ်မနေလိုအပ်ပါတယ်။

image