#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းရောက် အထောက်အထားမဲ့မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ဇွန်ပထမပတ်တွင် CI ပြန်ဖွင့်မည်
ထိုင်းရောက်အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ဇွန်ပထမပတ်တွင် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား (CI) ပြုလုပ်သွားနိုင်မည့်စခန်းများ ပြန်လည်ဖွင့်လှစ်သွားရန် ရှိနေကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား(CI) စခန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ချင်းမိုင်၊ စူရတ်ဌာနီ၊ စမွန်စာခွန်နှင့် စမွတ်ပါရကန် စသည့် နေရာလေးနေရာတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘတ်ရိုက်လုပ်ငန်း လုပ်ဆောင်နေချိန်တွင် CI လုပ်ဆောင်ပေးခြင်း ခေတ္တရပ်နားတတ်ပြီး ဘတ်ရိုက်သည့် လုပ်ငန်းမရှိချိန်မျိုးတွင် အလုပ်သမားများအတွက် CI စာအုပ်လဲလှယ်နိုင်ရန် စခန်းများကို ပြန်လည်ဖွင့်လှစ်ပေးတတ်ကြောင်း သိရသည်။
