Ryan Reynolds က Star Wars မှာ R-rated ရုပ်ရှင်လုပ်ချင်တယ်လို့ ပြောလာပါတယ်။
Deadpool မင်းသားဖြစ်သူ Ryan Reynolds က The Box Office နဲ့ Podcast မှာ သူ Disney အတွက် R-rated Star Wars Project လုပ်ဖို့ အကြံပေးခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။
“ကျွန်တော် Disney ကို အကြံပေးခဲ့ပါတယ်။ ‘Star Wars မှာ R-rated ပရောဂျက်တစ်ခု လုပ်ကြည့်ရင် ဘယ်လိုလဲ’ လို့ပြောခဲ့တယ်။” သူက သူ့အကြံပြုချက်ကို ဆက်ရှင်းပြရင်း၊ “ဒါက အဓိကဇာတ်ကောင်တွေနဲ့ သိပ်ပြီးရှုပ်စရာတော့ မလိုပါဘူး။ R-rated ဆိုပြီးလည်း ရိုင်းစိုင်းတဲ့ အကြောင်းအရာတွေလိုမျိုးရိုက်ချင်တာလည်းမဟုတ်ပါဘူး။ R-rated ဆိုတာက စိတ်ခံစားမှုတွေကို ဖုံးကွယ်ထည့်သွင်းဖို့ တရိုဂျန်မြင်းလို့ ဆိုလိုတာပါ။ Studio တွေက ဘာလို့ ဒီလိုမျိုး စွန့်စားပြီး မလုပ်ကြည့်ချင်ကြတာလဲလို့ ကျွန်တော် အမြဲတွေးမိတယ်။”
Ryan Reynolds ဒီအကြံကို စိတ်အားထက်သန်နေပေမယ့်၊ သူကိုယ်တိုင် ဒီလိုမျိုး ရုပ်ရှင်မှာ သရုပ်ဆောင်ချင်တာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဒါပေမယ့် “သူက ထုတ်လုပ်သူအနေနဲ့ပဲ ပါဝင်ချင်တယ်၊ ဒါမှမဟုတ် ဇာတ်ညွှန်းရေးသူအနေနဲ့ ပါဝင်ချင်တယ်လို့ပြောပါတယ်။
Ryan Reynolds ဟာ MCU မှာ Deadpool & Wolverine နဲ့ အချိန်တိုင်းရဲ့ ရုံဝင်ငွေအများဆုံး R-rated ရုပ်ရှင်မှာ သရုပ်ဆောင်ရုံတင်မကဘဲ၊ ဇာတ်ညွှန်းရေးပြီး ထုတ်လုပ်သူအဖြစ်လည်း ပါဝင်ခဲ့ပါတယ်။ သူဟာ R-rated ပရောဂျက်တွေနဲ့ ရင်းနှီးနေပေမယ့်၊ Star Wars မှာတော့ ဒီလို R-rated ပရောဂျက်ကို ဘယ်တုန်းကမှ မဖန်တီးခဲ့ဖူးပါဘူး။
Ryan Reynolds က လာမယ့် Deadpool ရုပ်ရှင်တစ်ကားrSm X-Men ဇာတ်ကောင်တွေကို ထပ်ထည့်ဖို့ စဉ်းစားနေတယ်လို့ The Hollywood Reporter က ဖော်ပြထားပါတယ်။ ဒီပရောဂျက်မှာ X Men ဇာတ်ကောင် ၃ ယောက်ကနေ ၄ ယောက်လောက်ပါဝင်မှာဖြစ်ပြီး၊ Ryan Reynolds ရဲ့ Deadpool ကတော့ ကြားထဲဝင်လာမယ့် ဇာတ်ကောင်ဖြစ်လာမှာဖြစ်ပါ်တယ်။
