ထမင်းနဲ့နယ်စားတဲ့ တရုတ်ငြုတ်အနှစ် ပြုလုပ်နည်း...။ 😊
စီချွမ်ငရုတ်အနှစ်ပြုလုပ်နည်း📍📍
ပါဝင်ပစ္စည်းများ.......
1. ပန်းငရုတ်ပွအနီ 1/4 လုံး
2. စီချွမ်ငရုတ်နီရှည် 1 တောင့်
3. စီချွမ်ငရုတ်စိမ်းရှည် ၂ တောင့်
4. ငရုတ်နီသေး ၅ တောင့်
5. ငရုတ်စိမ်းသေး ၃ တောင့်
6. ကြက်သွန်မိတ်အမြစ်ပါ ၂ ချောင်း
7. ကြက်သွန်ဖြူ ၁၀ တတ်
8. ငရုတ်ချဥ် 2Tsp
9. ဂျင်း 10gm
10. မြေပဲ 15gm
11. နှမ်း 10gm
12. ဝှာကျောင်းစေ့အနီ 2Tsp
13. ခရုဆီ 1/2 Tbsp
14. ဟာဒေးပဲငံပြာရည် 1Tbsp
15. ငါးစိမ်းငံပြာရည် 1/2 Tbsp
16. ဆီမွှေး 2Tsp
17. ဟင်းချိုမှုန့် 1Tsp
18. သကြား 1Tsp
19. ကြက်သားမှုန့် 1Tsp
20. ငရုတ်ကောင်းမှုန့် အနည်းငယ်
21. ဆီ 5Tbsp
ပြုလုပ်နည်း.......
၁ မှ ၁၂ အထိ သေချာချိန်တွယ်ပြင်ဆင်ပြီး ပုံပါအတိုင်းနုတ်နုတ်စင်းစရာရှိတာများ စင်းပြီးပြင်ဆင်ထားပါပေးပါ။
ပြီးနောက် စင်းထားတာတွေများကို သေချာဆီသပ်ပြီး အရသာများထည့်ပြီး မီးအေးအေးလေးနဲ့ ဆီသပ်ချက်လိုက်ပါက စီချွမ်ငရုတ်အနှစ်လေးရရှိပါပြီးဗျ။😊
ချက်ပြီးနောက် ဖန်ဘူးလေးထဲထည့်၍ ရေခဲသေတ္တာထဲထားရင် လနဲ့ချီ အထားခံပါတယ်နော်.....။
ထမင်းဖြူလေးနဲ့ပဲစားစား
ကြက်ဥပြုတ်လေနဲ့ပဲစားစား သုံးဆောင်နိုင်ပါတယ်ဗျ 😋
ပုံပါအတိုင်းသေချာဆောင်ပေးပါ။
ပြုလုပ်နည်းအမျိုးမျိုးရှိသည့်အတွတ်....
Rc ဖန်တီးတီထွင်ထားသော နည်းစနစ်လေးမျှဝေယုံသပ်သပ်ပါ။
ကောင်းလျှင်ယူ မကောင်းလျှင်ပယ်လိုက်ပါ။
အားလုံးအဆင်ပြေချောမွေ့ပါစေ😊😊😊
Credit - Rcphyo
