5 w - Translate

AI ကို မေ့သွားအောင် ပုံစံပြောင်း မိတ်ဆက်တော့မယ် 🫥
.
Apple ကနေ လာမယ့် ဇွန်လ ၉ ရက်နေ့မှာ WWDC 2025 Event ကို ကျင်းပသွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Event မှာ ထုံးစံအတိုင်း iOS 19 အပြင် iPadOS 19 | macOS | watchOS နဲ့ တခြား OS တွေကို Update မိတ်ဆက်သွားမှာပါ။
အခု Bloomberg Media မှ Mark Gurman ရဲ့ ပြောကြားချက်အရ Apple ဟာ ယခုနှစ် iOS 19 ကို အကြီးမားဆုံး ဒီဇိုင်းပိုင်း ပြောင်းလဲမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် iOS 19 တင်မဟုတ်ပဲ Apple Device တွေရဲ့ OS အကုန်လုံးနီးပါးက ပုံစံအသစ် ပြောင်းလဲမှာဖြစ်ပါတယ်။
ပြောင်းလဲမှုအများဆုံးဖြစ်မယ့် OS တွေက iOS 19 | iPadOS 19 နဲ့ macOS တွေဖြစ်ပြီး watchOS နဲ့ tvOS ကလည်း ယခင်နဲ့ကွဲထွက်သွားမယ့် ဒီဇိုင်းပြောင်းလဲမှုတွေ ရရှိသွားမယ်လို့ သိရပါတယ်။​ visionOS အနေနဲ့ကတော့ အနည်းငယ်ပြောင်းလဲမှုတွေပဲ ရှိလာမှာပါ။
ဒါကြောင့် ဒီနှစ်ဟာ iOS 7 နောက်ပိုင်းမှာ Apple Device တွေအကုန်လုံးအတွက် Design ပိုင်း သိသိသာသာပြောင်းလဲမယ့်နှစ်ဖြစ်တော့မှာပါ။
Apple Intelligence အသုံးမကျတာကို မေ့သွားအောင် တမင်လမ်းလွှဲတော့မှာပဲ 🫠

image