အင်္ဂါဂြိုဟ်ခရီးစဉ်ဟာ သိပ္ပံပညာရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုပါ။

ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်ဟာ အနီးဆုံးရောက်ရင်တောင် ကီလိုမီတာ သန်း ၅၅ ကနေ သန်း ၄၀၀ လောက်အထိ ဝေးကွာပါတယ်။ ခရီးစဉ်က ၆ လကနေ ၉ လအထိ ကြာမြင့်နိုင်ပါတယ်။အာကာသယာဉ်မှူးတွေဟာ အချိန်ကြာမြင့်စွာ အကန့်အသတ်ရှိတဲ့ နေရာမှာ အတူနေထိုင်ရမှာဖြစ်ပြီး ကမ္ဘာနဲ့လည်း ဆက်သွယ်မှု နှောင့်နှေးနိုင်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေလည်း ရှိနိုင်ပါတယ်။

ကမ္ဘာ့သံလိုက်စက်ကွင်းနဲ့ ထူထဲတဲ့ လေထုက နေနဲ့ စကြာဝဠာကလာတဲ့ အန္တရာယ်ရှိတဲ့ ဓါတ်ရောင်ခြည်တွေကနေ ကာကွယ်ပေးပေမယ့်၊ အာကာသထဲနဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ ဒီကာကွယ်မှုတွေက အားနည်းပါတယ်။ ဒါကြောင့် အာကာသယာဉ်မှူးတွေအတွက် ဓါတ်ရောင်ခြည်ဒဏ်ခံနိုင်တဲ့ အကာအကွယ်တွေ ဖန်တီးဖို့ လိုအပ်ပါတယ်။

အသက်ရှူဖို့ လေမရှိခြင်း၊ သောက်ရေ၊ အစားအစာနဲ့ အိပ်စက်အနားယူဖို့ နေရာ စတဲ့ အခြေခံလိုအပ်ချက်တွေကို ရေရှည်တည်တံ့အောင် ထောက်ပံ့နိုင်ဖို့ စနစ်တွေ ဖန်တီးနိုင်ရပါမယ်။

image