5 w - Translate

Iron Man ထဲကလို AI မျိုး Google လက်တွေ့ပြသ
Google I/O 2025 ပွဲမှာ သရုပ်ပြသွားတဲ့ AI က နာမည်ကြီး Marvel ရုပ်ရှင် Iron Man ထဲက Jarvis ကို ပြေးမြင်ချင်စရာပါ။
Jarvis က တိုနီစတာ့ခ် ဘာခိုင်းခိုင်း ချက်ဆိုနားခွက်က မီးတောက်ပြီး အကုန်တွက်ချက်အဖြေရှာတဲ့ ဉာဏ်ရည်မြင့် AI စနစ်မျိုး။ I/O ပွဲမှာ လက်တွေ့ပြသွားတဲ့ Project Astra ကလည်း ဒီလို Universal AI Assistant နည်းပညာပါပဲ။ Project Astra သုံးချိန်မှာ ဖုန်းအပေါ်ဘယ်ဘက်ခြမ်းမှာ အနီရောင် overlay ပုံစံနဲ့ ဖုန်း screen ကို ထိန်းချုပ်ပြီး အချက်အလက်တွေ ရှာသွားတာ တွေ့ရပါတယ်။
demo မှာ ပိုင်ရှင်က စက်ဘီးဘရိတ်ပြင်ရင်းနဲ့ AI ကို အွန်လိုင်းပေါ်က ဘီးပြင်နည်း manual တွေ လှမ်းရှာခိုင်းပါတယ်။ YouTube ထဲဝင်ပြီး ဘရိတ်ပြင်နည်းဗွီဒီယို ပြခိုင်းပါတယ်။ ဗွီဒီယိုကြည့်ပြီး လဲရမယ့်ပစ္စည်းကိုပါ ကိုယ့်အီးမေးလ်ထဲ ဝင်ပြီး အနီးဆုံး စက်ဘီးပစ္စည်းဆိုင်က ပစ္စည်းရှိမရှိ စုံစမ်းခိုင်းပါတယ်။
သူခိုင်းတာတွေအကုန်လုံး ဖုန်း Screen ပေါ်မှာပဲ Astra က သူ့ဟာသူ scoll လုပ်သွားတာပါ။ manual ထဲက ဘယ်စာမျက်နှာမှာ ကိုယ်ရှာနေတဲ့အပိုင်း ရှိတယ်ဆိုတာပါ ပြပေးတာပါ။ နောက်ပြီး စက်ဘီးပစ္စည်းဆိုင်မှာ ခွေးထည့်ဖို့ ခြင်းကအစ ရှာပြီး ဘယ်ဟာကောင်းတယ်ဆိုတာမျိုး အကြံပေးနိုင်ပါတယ်။
Project Astra က Apps တွေကို ထိန်းချုပ်ပြီး သူ့အလိုအလျောက် အလုပ်လုပ်နိုင်တဲ့ AI Agent နဲ့ မောင်းနှင်ထားတာပါ။ Google မှာ web browser တွေကို ထိန်းချုပ်နိုင်တဲ့ Project Marier ဆိုတဲ့ AI agent ရှိတယ်ဆိုပေမယ့် အန်းဒရိုက်ဖုန်းကို ထိန်းချုပ်နိုင်တဲ့ AI agent ဆိုတာကတော့ အခုမှ အသစ်လို့ ပြောရမှာပါ။
Project Astra က အမှားကင်းတဲ့ AI Assistant မဟုတ်ပေမယ့် သူ့ရဲ့ လူကိုယ်စား အလုပ်လုပ်နိုင်စွမ်းက အံ့မခန်းတိုးတက်နေပါတယ်။ ကြည့်ရတာ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲက ဉာဏ်ရည်မြင့် AI Assistant တွေ တကယ်လက်တွေ့ဘဝထဲ ရောက်လာဖို့ သိပ်မဝေးတော့ပုံပါပဲ။

image