ဖုန်းနဲ့ ဂြိုဟ်တုတိုက်ရိုက် 5G video call ခေါ်နိုင်ခဲ့တဲ့ တရုတ်
5G ဂြိုဟ်တုဆက်သွယ်ရေးမှာ တရုတ်နိုင်ငံက မှတ်တိုင်တစ်ခု စိုက်ထူခဲ့ပါတယ်။
China SatNet က ပညာရှင်တွေဟာ ဒီလဆန်းပိုင်းမှာ မိုဘိုင်းကွန်ရက်နဲ့ အထူးဆက်သွယ်ရေး hardware တွေ မလိုဘဲ ဖုန်းနဲ့ တိုက်ရိုက် 5G ဂြိုဟ်တုရုပ်သံခေါ်ဆိုမှု စမ်းသပ်နိုင်ခဲ့တာပါ။
ဒီ 5G ဂြိုဟ်တုက အင်တာနက် signals ရဲ့ အလုပ်လုပ်ပုံနဲ့ ဆင်ပါတယ်။ Non-Terrestrail Network (NTN) နည်းပညာကို သုံးပြီး သာမန်စမတ်ဖုန်းတစ်လုံးကို မိုဘိုင်းတာဝါ ၊ SIM card နဲ့ Wi-Fi တောင် မလိုဘဲ အာကာသထဲက ဂြိုဟ်တုနဲ့ ချိတ်ဆက်သွားတာပါ။
Starlink နဲ့ ဆင်ပေမယ့် starlink လို router တွေ cable တွေ kits တွေ မလိုပါဘူး။ ဖုန်းလိုင်းမမိတဲ့ တောင်တွေ တောတွေထဲမှာ ဂြိုဟ်တုက လွှင့်တဲ့ အင်တာနက်ကို ဖုန်းနဲ့ တိုက်ရိုက်ချိတ်ဆက်ရုံပါပဲ။
အနာဂါတ်မြန်နှုန်းမြင့် ဆက်သွယ်ရေးမှာ အရေးပါလာမယ့် နည်းပညာဆိုပေမယ့် စိန်ခေါ်ချက်တွေတော့ ရှိပါတယ်။ ပညာရှင်တွေကတော့ ဒီနည်းပညာကို အမေရိကန်နဲ့တခြားနိုင်ငံတွေက နိုင်ငံ့လုံခြုံရေးအကြောင်းပြုပြီး ကန့်သတ်ပိတ်ပင်တာတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။
