ဥရောပသဂ္ဂနဲ့ ကုန်သွယ်ရေးဆွေးနွေးဖို့ နောက်ဆုံးရက် ဇူလိုင် ၉ ရက်ထိ ထရန့်သက်တမ်းတိုး
ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှု နောက်ဆုံးရက်ကို ဇူလိုင် ၉ ရက်ထိ သက်တမ်းတိုးလိုက်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုပါတယ်။
ဒေါ်နယ်ထရန့်နဲ့အတူ ပြီးခဲ့တဲ့နေ့က တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပြီး အပြုသဘောဆောင်ကြောင်း ဥရောပကော်မရှင်ဥက္ကဌ ဗွန်ဒါလီယန်က ပြောဆိုခဲ့ပြီးနောက်မှာ ထရန့်က အခုလို ထုတ်ပြန်လာတာပါ။
ထရန့်ဟာ ဥရောပသမဂ္ဂက တင်သွင်းတဲ့ကုန်စည်အားလုံးနီးပါးအပေါ် အခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နှစ်ဖက်စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့အတွက် ဇူလိုင် ၈ ရက်ထိ ၁၀ ရာခိုင်နှုန်းသာကောက်မယ်လို့ ပြောပါတယ်။
ဥရောပသမဂ္ဂနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို စိတ်ပျက်တယ်လို့ ဒေါ်နယ်ထရန့်က ပြီးခဲ့တဲ့သောကြောနေ့မှာ ထုတ်ဖော်ပြောကြားလာပြီး အခွန် ၅၀ ရာခိုင်နှုန်းထိ ဇွန် ၁ ရက်ကစပြီး တိုးမြှင့်ကောက်ခံမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်တရပ် အလျင်အမြန်ရရှိဖို့ ဥရောပသမဂ္ဂအနေနဲ့ အသင့်ရှိနေကြောင်း ၊ ဒါပေမယ့် ကောင်းမွန်တဲ့ သဘောတူညီချက်တရပ်ဖြစ်ဖို့အတွက် ဇူလိုင် ၉ ရက်ထိ အချိန်လိုတယ်လို့ ဥရောပကော်မရှင်ဥက္ကဌ ဗွန်ဒါလီယန်က ပြောပါတယ်။
ဥရောပသမဂ္ဂ ကုန်သွယ်ရေးအကြီးအကဲ ဂျမီဆင်ဂရီးရာဟာလည်း အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ဟောင်းဝပ်လပ်နစ်နဲ့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပြီး မျှတတဲ့ သဘောတူညီချက်ရယူဖို့ ကတိပြု‌ေ ပြာဆိုပါတယ်။

image