သင့်ရဲ့စိတ်ကို အဆက်မပြတ် စောင့်ကြည့်လေ့လာပြီး သင့်ရဲ့အတွေးတွေကို အကဲမဖြတ်ဘဲ သင့်ကိုယ်သင် နာကျင်မှုက လွတ်မြောက်အောင် လုပ်လို့ရပါတယ် ။ သင့်ရဲ့စိတ်သောကကို သင် ဘယ်လိုရှင်းထုတ်ပစ်နိုင်သလဲ ။ ရွေးချယ်စရာနှစ်ခု ရှိပါတယ် ။
ပထမတစ်ခုက “ငါ့ရဲ့နောက်ထပ်အတွေးက ဘာဖြစ်မလဲ” လို့ သင့်ကိုယ်သင် မကြာခဏမေးနေပါ ။ ဒုတိယတစ်ခုက သင့်ရဲ့အတွေးတွေနဲ့ လိုအင်ဆန္ဒတွေအပေါ် အကဲဖြတ်နေတာကို ရပ်လိုက်ပါ ။
ပထမနည်းလမ်းကတော့ ရူပဗေဒ သက်ရောက်မှု တစ်ခုအပေါ်မှာ အခြေခံထားပါတယ် ။ စနစ်တစ်ခုကို အဆက်မပြတ် စောင့်ကြည့်လေ့လာပြီး အဲဒီစနစ်ကို သူ့ရဲ့ လက်ရှိအခြေအနေမှာ ရပ်တန့်နေအောင် သင်က လုပ်ထားနိုင်တယ်လို့ အဲဒီသက်ရောက်မှုက ဖွင့်ဆိုထားပါတယ် ။
သင့်ရဲ့ နောက်ထပ် တွေးမဲ့အတွေးနဲ့ ပတ်သက်ပြီး သင့်ကိုယ်သင် အကြိမ်ကြိမ် ပြန်မေးတာဟာ အဲဒီအတွေးကို နှောင့်နှေးကြန့်ကြာအောင် အမြဲလိုလိုလုပ်ပြီး အဲဒီလို လုပ်တာက မသိစိတ်နဲ့ သူ့အလိုလို လုပ်ကိုင်မှုအပေါ်မှာ အချိန်ဘယ်လောက်များများကို သင် အသုံးပြုနေတယ် ဆိုတာကို နားလည်သဘောပေါက်ဖို့အတွက် သင့်ကို အချိန် အလုံ အလောက် ပေးပါလိမ့်မယ် ။ အဲဒီအတွေးကို ကြားကဖြတ်ဝင်ပြီး သင့်စိတ်ထဲက ခွဲထုတ်တဲ့ လုပ်ငန်းစဉ်ကို သင် စပြီးလုပ်နိုင်ပါတယ် ။
ဒုတိယနည်းလမ်းကတော့ သင့်ခန္ဓာကိုယ်ရဲ့ ခံစားမှုတွေကို သတိရှိရှိ သိအောင် လုပ်ဖို့နဲ့ သင် ဘာကိုလုပ်သင့်တယ် ၊ ဘာကိုမလုပ်သင့်ဘူးဆိုတာနဲ့ ပတ်သက်ပြီး အဆက်မပြတ် နားပူနားဆာလုပ်နေတဲ့ သင့်ခေါင်းထဲက အတွေးတွေကို လက်ခံဖို့ သင်ယူရာမှာ သင့်ကို ကူညီဖို့ ရည်ရွယ်ထားပါတယ် ။ အမှားတစ်ခုကို နောက်တစ်ခါ သင် လုပ်တဲ့အချိန်မှာ သင့်အတွင်းစိတ်ထဲက အသံကို နားထောင်ရုံပဲနားထောင်ပြီး အဲဒီအပေါ်မှာ ဘာမှမလုပ်ဘဲ နေလိုက်ပါ ။ အဲဒီ အရာကိုသတိပြုပါ ။ ကြည့်ပါ ။ အဲဒီအရာရှိနေတယ်ဆိုတာကို လက်ခံပါ ။ ဒါပေမဲ့ အဲဒီ အရာရဲ့ တောင်းဆိုမှုတွေကိုတော့ ခုခံတွန်းလှန်လိုက်ပါ ။
အမြဲတက်ကြွနေတဲ့ အတွေးတွေနဲ့ မောင်းနှင်ထားတဲ့ သင့်ရဲ့စိတ်ဆီက သင့်ရဲ့ ခန္ဓာကိုယ်ကို ခွဲထုတ်လိုက်တာက နာကျင်တဲ့ခံစားမှုကို လျော့သွားအောင် နဲ့ သင် ပြောင်းလဲလို့မရတဲ့အရာတွေကို ခုခံတွန်းလှန်နေတာကို ရပ်ပစ်နိုင်အောင် သင့်ကို လုပ်ပေးပါလိမ့်မယ် ။
#သင်တွေးသလိုသင်ဖြစ်လာတယ်

image