“အဲဒီညနဲ့ ပတ်သက်ပြီး
ကျွန်တော် ဘာတွေမှတ်မိနေလဲ....
ကျွန်တော် မြောက်ကိုရီးယားက
ထွက်ပြေးခဲ့တဲ့ ညပေါ့။
ကျွန်တော် မမှတ်မိတာတွေ အများကြီးပါပဲ။
ကျွန်တော့် စိတ်ထဲကနေ
အပြီးပိုင် ဖျက်ပစ်လိုက်တဲ့ အတိတ်တွေပေါ့။
ဒါပေမဲ့ ကျွန်တော် မှတ်မိတာတွေတော့
ခင်ဗျားကို ပြောပြပါမယ်။” တဲ့......
ဦးနှောက်ကို မှိုင်းတိုက်ခံထားရတဲ့ လူတွေရဲ့ အသက်မပါတဲ့အပြုံးတွေရှိတဲ့ မြောက်ကိုရီးယားဟာ ကမ္ဘာမြေပေါ်ကနိဗ္ဗာန်ဘုံတဲ့လေ ။ ငယ်ငယ်လေးကတည်း ကလေးတွေဟာ မှိုင်းမိခံခဲ့ရတယ် ။ သူတို့ခေါင်းဆောင်တွေကို ဘုရားသဖွယ် ကိုးကွယ်နေရတဲ့ သူတို့ဘဝတွေ ။ လွတ်လပ်စွာတွေးခေါ်ခွင့်ဆိုတာ ကြာဖူးရဲ့လားတောင် မသိဘူး ။ အမှန်တရားတစ်ခု ပြောဖို့အတွက်တောင် ကြောက်လန့်နေရတဲ့ဘဝတွေ ။
ယာလူးမြစ်ဟာ သေခြင်းတရား နဲ့ ရှင်သန်ခြင်းတရားကြားက ပိုင်းခြားထားတဲ့ အကွာအဝေးရဲ့အစပေါ့ ။ အလုပ်မရှိရင် ညစာမရှိဘူးဆိုတဲ့ မြောက်ကိုရီးယား ။ လူတန်းစား(၃)ရပ်သာရှိတဲ့ မြောက်ကိုရီးယား ။
ကမ္ဘာမြေပေါ်မှာ ငရဲခံစားနေရတဲ့ မြောက်ကိုရီးယားလူမျိုးတွေ လွတ်မြောက်အဆင်ပြေဖို့ ဆုတောင်းမိတယ် ။
လက်က မချနိုင်လောက်အောင် ကောင်းလွန်းလို့
စွန့်စားလူငယ်တွေ ကြိုက်နှစ်သက်တဲ့ စာအုပ်လေး တစ်အုပ်ပဲ ဖြစ်ပါတယ် ။
#အမှောင်ထုထဲကမြစ်တစ်စင်း
#မိုးရှင်း(I.M.T)

image