#ရှားစောင်းလက်ပပ် သုံးစွဲနည်း
(၁)ရှားစောင်းလက်ပတ်အနှစ်ကို မန်ကျည်းမှည့် ထန်းလျက်တို့ဖြင့်ကြိတ်၍ မီးယပ်မှန်ဆေး၊မီးယပ်အားဆေး အဖြစ်အသုံးကျ၏။
(၂)မျက်စိနာခြင်း၊ကိုက်ခြင်း၊မျက်ရည်ပူကျခြင်း စသည့်ရောဂါများတွင်ရှားစောင်းလက်ပတ်အသားကို နနွင်းမှုန့်ဖြူး၍ အုံပေး ကပ်ပေးခြင်းဖြင့် သက်သာစေနိုင်၏။
(၃)အကြိတ်နာနှင့်သွေးစုနာများတွင် ရှားစောင်းလက်ပတ်အနှစ်ကို အုံ၍ စည်းကပ်ထားပါက အကြိတ်ကြေပြည်ပေါက်၍ ငန်းမန်းကျစေနိုင်၏။
(၄)ရှားစောင်းလက်ပတ်အသားကို ဆန်စေးရည်ဖြင့်စိမ်ပေးလျှင် သကြားစပ်၍ သောက်ပါက ဆီးပူးဆီးအောင့် ဆီးရောဂါများပျောက်ကင်းစေ၏။
(၅)ကိုယ်ရည်ဝါရောဂါရှိသူများ အတွင်းနှစ်သားကိုစားပါက ဆီးဝမ်းကိုရွှင်စေပြီး သက်သာပျောက်ကင်းစေပါသည်။
ရှားစောင်းလက်ပတ်
တိုင်းရင်းဆေးကျမ်းများအဆိုအရ ရှားစောင်းလက်ပတ်သည် အေးခါးသောအရသာရှိ၍ အပူကိုငြိမ်းစေသည်။ လေကိုနိုင်၍ ဆီးဝမ်းကိုရွှင်စေပြီး အားကိုဖြစ်စေသောအစွမ်းရှိသည်။
သိပ္ပံနှင့်သုတေသနတွေ့ရှိချက်များ။
(၁)ဝမ်းပျော့စေသောအာနိသင်(Laxative property)
ရှားစောင်းလက်ပတ်အစေး(မုတ်ခါး)တွက်ပါဝင်သော anthraquinoneဒြပ်ပေါင်းသည် အစာအိမ်နှင့်အူနံရံများကို ညှစ်အားပေးခြင်းဝမ်းပျော့ခြင်းနှင့် ဝမ်းသက်ခြင်းကိုဖြစ်စေသည်။
(၂)အနာကျက်မြန်စေသောအာနိသင်(Healing property)
ရှားစောင်းလက်ပတ်တွင်ပါဝင်သော ဒြပ်ပေါင်းများသည် နာကျင်ကိုက်ခဲမှုကိုသက်သာ၍ ရောင်ရမ်းမှုကို လျော့ကျစေသည်။ ကလာပ်စည်းအသစ်များကိုတိုးပွားစေပြီး ကိုယ်ခံအားစနစ်ကိုလှုံဆော်ပေးသောကြောင့် ဒဏ်ရာအနာအကျက်မြန်စေပါသည်။
(၃)နေရောင်ဒဏ် နှင့်အပူဒဏ်များသက်သာစေသောအာနိသင်(Radiation Burns effectiveness)
နေလောင်ဒဏ်နှင့်အပူဒဏ် ခံရသောလူနာများတွင် လက်ဆတ်သောရှားစောင်းလက်ပတ်အတွင်းသားကို ကပ်ပေးခြင့် Petroleum jelly gauzeကိုအသုံးပြုခြင်းထက် ပိုမိုလျင်မြန်သက်သာပျောက်ကင်းစေနိုင်ကြောင်း စမ်းသပ်မှုများကဖော်ပြထားသည် ။
(၄)ဆီးချိုသွေးချိုကျအာနိသင်
ရှားစောင်းလက်ပတ်(မုတ်ခါး)သည် ဆီးချိုသွေးချိုကိုကျစေသည့်အပြင် ခန္ဓာကိုယ်ရှိအဆီဓာတ် (Triglycerides)ကို ကျစေနိုင်ကြောင်း ထိုင်းနိုင်ငံမှပြုလုပ်သော သုတေသနတွေ့ရှိချက်များ အရ ဖော်ပြထားသည်။
နာကျင််ကိုက်ခဲမှုနှင့်ရောင်ရမ်းခြင်းသက်သာစေတာကြောင့် ဒဏ်ရာနှင့်အနာကျက်မှုကိုလျင်မြန်စေသည်။
ဆီးချိုသွေးချိုကိုကျစေရုံသာမက အဆီကျစေ​ေသာအာနိသင်ရှိသည်။
တိုင်းရင်းဆေးသမားတော်များသည် ရှားစောင်းလက်ပပ်မှရသော အစေး( မုတ်ခါး )အား မုတ်ကဲဆေး
ဆေးအမှတ်( ၁၁)တွင် ထည့်ဖော်အသုံးပြုကြသည်။
မုတ်ကဲဆေး၏အာနိသင်
စမြင်းကြေစေသည်။ လေထိုးလေအောင့် ထုံကျင်ကိုက်ခဲခြင်းသက်သာစေသည်။
ဆီးကျန်ခြင်း၊ဝမ်းချုပ်ခြင်းတို့ကိုသက်သာစေသည်။
အညောင်းမိ၍ ညောင်းညာကိုက်ခဲခြင်း၊ ဒူလာလိပ်ခေါင်းသွေးကျခြင်းတို့ကိုသက်သာစေသောအာနိသင်ရှိသည်။
⛔သတိပြုရန်
ရှားစောင်းလက်ပတ် အတွင်းသားကိုဖြစ်စေ အစေးကိုဖြစ်စေလိုအပ်သည်ထက်ပိုမိုစားသုံးပါက အစာအိမ်ရောင်ခြင်း၊ ဝမ်းလျောခြင်းကိုဖြစ်စေတတ်သည်။သားအိမ်ကိုကျုံ့စေတာကြောင့်ကိုယ်ဝန်ဆောင်များရှောင်ကြည်သင့်သည်။

imageimage