God particle ခေါ် Higg boson ကိုတွေ့ရှိနိုင်ခဲ့တဲ့ physical evidence ဖြစ်ပါတယ်။
ဒီလို Theory တွေကို လက်တွေ့ အတည်ပြုဖို့အတွက် သိပ္ပံပညာရှင်တွေဟာ အလွန်ကြီးမားပြီး ခေတ်မီတဲ့ ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်မှုတွေ ပြုလုပ်နေကြပါတယ်။ ဒီထဲက အထင်ရှားဆုံး ဥပမာတစ်ခုကတော့ ဆွစ်ဇာလန်နဲ့ ပြင်သစ်နယ်စပ်မှာ တည်ရှိတဲ့ CERN (European Organization for Nuclear Research) ပဲဖြစ်ပါတယ်။
CERN မှာရှိတဲ့ Large Hadron Collider (LHC) လိုမျိုး ဒြပ်မှုန်ခွဲစက်ကြီးတွေဟာ အလွန်သေးငယ်တဲ့ subatomic particle တွေကို အလင်းအလျင်နီးပါး အရှိန်မြှင့်ပြီး အချင်းချင်း ပစ်တိုက်စေပါတယ်။
ဒီလိုတိုက်မိခြင်းအားဖြင့် စကြဝဠာကြီး စတင်ဖြစ်ပေါ်ခဲ့တဲ့ Big Bang ရဲ့ ပထမဆုံး စက္ကန့်ပိုင်းလေးတွေက အခြေအနေမျိုးကို ပြန်လည် ဖန်တီးပြီး အမှုန်အသစ်တွေရဲ့ အပြုအမူကို လေ့လာကြပါတယ်။
ဥပမာအားဖြင့်၊ ၂၀၁၂ ခုနှစ်မှာ LHC ကိုသုံးပြီး Higgs Boson အမှုန် ကို ရှာဖွေတွေ့ရှိခဲ့တာဟာ အောင်မြင်မှုကြီးတစ်ခု ဖြစ်ပါတယ်။ Higgs Boson ဟာ ဒြပ်မှုန်တွေကို ဒြပ်ထု (mass) ရရှိစေတဲ့ အမှုန်ဖြစ်ပြီး Standard Model of Particle Physics ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။
ဒီလို ရှာဖွေတွေ့ရှိမှုတွေဟာ ကျွန်တော်တို့ စကြဝဠာအကြောင်း နားလည်မှုကို ပိုမိုနက်ရှိုင်းစေပြီး Theory of Everything ကို ရှာဖွေရာမှာ အထောက်အကူပြုပါတယ်။
သူ့အကြောင်းအသေးစိတ်ကို ဒီ link မှာ သွားရောက်ဖတ်ရူနိုင်ပါတယ်။
https://www.facebook.com/share/p/1RH1HEE16a/