16 ပတ် - ဘာသာပြန်ပါ။

House of the Dragon မှာ သရုပ်ဆောင် လိုအပ်ချက်တွေရှိခဲ့တဲ့ Milly Alcock
လက်ရှိမှာ Supergirl နေရာက သရုပ်ဆောင်မယ့် Milly Alcock တစ်ယောက် House of the Dragon ရိုက်ကူးနေတုန်း ဒုတိယရက်မှာပဲ HBO ရဲ့ ရာထူးကြီးတစ်ယောက်က သူမကို သရုပ်ဆောင်ဆရာတစ်ယောက် လိုအပ်တယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
Jimmy Fallon ရဲ့ The Tonight Show မှာ ဧည့်သည်အဖြစ် ပါဝင်ရင်း ဒီအကြောင်းကို သူမက ပြောပြခဲ့တာဖြစ်ပါတယ်။ သူမက House of the Dragon ရဲ့ Season 2 မှာ ဘယ်သူလဲတော့ မပြောတော့ပါဘူး၊ ဒါပေမယ့် အဆင့်မြင့်တဲ့သူတစ်ယောက်က ကျွန်မကို ခေါ်ပြီး ‘ဟမ်၊ မင်းအတွက် သရုပ်ဆောင်ဆရာတစ်ယောက် ငှားပေးရမယ်’ လို့ ပြောလာတယ်” လို့ ပြောပါတယ်။
Mily က ဝေဖန်ခံရတဲ့ Upright မှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီးမှ Game of Thrones ရဲ့ Prequel ဇာတ်လမ်းဖြစ်တဲ့ House of the Dragon မှာ ဆယ်ကျော်သက် မင်းသမီး Rhaenyra Targaryen အဖြစ် အဓိကဇာတ်ရုပ်မှာ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။
သူမက ရယ်ရင်း ဒီလိုပြောပါတယ်။ “ဒါက ကျွန်မသိထားတဲ့ အမှန်တရားတွေကို အတည်ပြုပြလိုက်သလိုပဲ၊ ဆိုလိုတာက ကျွန်မက သရုပ်ဆောင်အလုပ်မှာ သိပ်မတော်ဘူးပေါ့။ ဘာလဲဆိုတော့ ကျွန်မက ‘ဒါက မလုပ်နိုင်ဘူး၊ ဒါက ဆိုးရွားတဲ့ အမှားကြီးပဲ’ လို့ ခံစားရတယ်” လို့ပြောပါတယ်။
ဒါပေမယ့် သူမကတော့ လက်ရှိမှာ ဒီလို ဝေဖန်ခံခဲ့ရပေမယ့်လည်း ရှေ့ဆက်ပြီး Supergirl မှာထူးထူးခြားခြားပုံစံနဲ့ အလုပ်လုပ်သွားမယ်လို့လည်းသိရပါတယ်။
Supergirl ဇာတ်လမ်းကလည်း Kara Zor-El ဟာ သူမရဲ့ ၂၁ နှစ်မြောက် မွေးနေ့ကို Galaxy တစ်ခွင် ခရီးသွားရင်း Krypto the Superdog နဲ့အတူ လူဆိုးတွေကို လိုက်ရှင်းကြမယ့် ပေါ့ပေါ့ပါးပါးဇာတ်လမ်းဖြစ်ပါတယ်။
Supergirl Woman of Tomorrow ကိုတော့ ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

image