6 w - Translate

ကွန်ဖရင့်လိဂ်ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ့် ချယ်လ်ဆီးကို အန်တိုနီက သွင်းဂိုးတွေနဲ့ သတိပေးနေပါပြီ။ ဘက်တစ်အတွက် ဆက်တိုက်ဂိုးတွေသွင်းနေပြီး ချယ်လ်ဆီးအတွက် သူက ဒိန်းဂျားဆိုတာကို ပြသနေတာပါ။ ညက ဗလန်စီယာနဲ့ပွဲမှာလည်း ဧရိယာထဲကနေ သူ ကန်သွင်းနေကျဟန်အတိုင်းပဲ ဂိုးသွင်းသွားခဲ့တာပါ။
ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ၅ ဂိုးအထိ သွင်းထားပြီး ဖန်တီးမှု ၂ကြိမ် လုပ်ပေးထားတာပါ။ ချယ်လ်ဆီးနဲ့ပွဲမှာလည်း သူ ခြေစွမ်းပြနိုင်ဦးမှာ သေချာပါတယ်။ အန်တိုနီကို အထင်သေးမယ်ဆိုရင်တော့ ချယ်လ်ဆီးတို့ ခံစားသွားရဖွယ် ရှိနေပါတယ်။
ဘရာဇီးလ်သားက ယူနိုက်တက်မှာကလိုမျိုး မဟုတ်တော့ပါဘူး။ ပြီးတော့ ဒီရာသီမှာ ယူနိုက်တက်ကစားသမားဟောင်းတွေ ခြေစွမ်းပြပြီး အောင်မြင်မှုတွေပါ ရနေတာမို့ အန်တိုနီလည်း အဲလိုဖြစ်လာနိုင်စရာတွေ ရှိနေတာကလည်း ချယ်လ်ဆီးအတွက် စိုးရိမ်စရာတွေ ဖြစ်နေပါပြီ။

image