6 w - Translate

ဘိုင်ယန်မြူးနစ်ကို ပြောင်းသွားတဲ့ အိုလစ်ဆီရဲ့ ပထမဆုံးရာသီအဖွင့်ကတော့ ရှယ်ပဲ။ အသင်းနဲ့အတူ ဘွန်ဒက်လီဂါချန်ပီယံဖြစ်တယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ကလည်း ဘိုင်ယန်မြူးနစ်အတွက် သိပ်ကိုပဲ အားရဖို့ကောင်းတယ်။
တစ်ရာသီစာလုံး ပွဲ ၅၀ တိတိကစားပြီးတော့ ၁၇ ဂိုးသွင်းတယ်၊ ၁၈ ဂိုးဖန်တီးတယ်။ ပထမဆုံးရာသီမှာ G/A က ၃၅ လုံးအထိကို ရှိခဲ့တယ်။ ဒါဟာ မခေလှတဲ့စွမ်းဆောင်ရည်ပဲ။
ဘိုင်ယန်မှာက တောင်ပံတွေဟာ သိပ်ပြီးတော့ အလုပ်မဖြစ်ဘူး။ ကောင်းကောင်းလည်ပတ်နေနိုင်တာ အိုလစ်ဆီတစ်ယောက်ပဲရှိတယ်။ ကွန်ပနီအတွက်လည်း နည်းစနစ်မှာ အခရာကျတဲ့ ကစားသမားပဲ။ ပြင်သစ်စတားလေးက အဖွင့်အတော်လှခဲ့တယ်။

image