#ပြည်တွင်းသတင်း
◼သထုံ၌ကျောက်တင်ကုန်ရထားမိုင်းခွဲခံရ၊ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်ယာယီရပ်နား
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာအနီး၌ ယနေ့(မေ ၂၅ ရက်) နံနက် ၈ နာရီခန့်တွင် ကျောက်တင်ကုန်ရထား မိုင်းခွဲခံရခြင်းကြောင့်ရထားတွဲများလမ်းချော်ကျ၍ တိမ်းစောင်းခဲ့ပြီး ရထားသံလမ်းပြတ်ထွက်သွားကြောင်း မြန်မာ့မီးရထားကသတင်းထုတ်ပြန်ထားသည်။
ပေါင်မြို့နယ်သဲဖြူကုန်းဘူတာမှ တောင်ငူမြို့ဘက်သို့ ထွက်ခွာလာသော စက်ခေါင်းအမှတ် DF – 1373 အပါအဝင် တွဲ (၁၉) တွဲပါဝင်သည့် ရထားအမှတ် (၆၈၇) အစုန်ကျောက်တင်ကုန်ရထားမှဦ နံနက် ၉ နာရီခွဲခန့်တွင် သထုံမြို့နယ်မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာအနီး ရထားမိုင်တိုင်အမှတ် (၁၂၄/၃) အနီးတွင် မိုင်းထောင်ဖောက်ခွဲခံရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။
ကျောက်တင်ကုန်ရထာမိုင်းခွဲခံရသည့်အတွက် ရထား၏မိုင်းခံတွဲနှင့် တွဲအမှတ် (၄/၅/၆/၇) လမ်းချော်ကျကာ နားနေတွဲနှင့် တွဲအမှတ် (၈) တိမ်းစောင်းခဲ့ကြောင်း၊ ရထားသံလမ်းဘယ်ညာပေ ၂၀၀ ခန့်ပြတ်ထွက်သွားသည့်အတွက် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်ယာယီရပ်နားထားကြောင်း သိရသည်။
သတင်း - ပိုင်လေး
