တောင်ကြီး-ဟိုပုံးသွားလမ်း ၈မိုင်အနီးတွင် ဆီဘောက်ဆာတိမ်းမှောက်ရာသုံးဦးသေ၊လေးဦးဒဏ်ရာရ
ရှမ်းပြည်နယ်တောင်ကြီးမြိုနှင့်ဟိုပုံးမြိုအသွား ၈မိုင်အနီးတွင်မေ၂၃ရက်ညနေပိုင်းက ဆီဘောက်ဆာကားဘရိတ်ပေါက်ပြီး မှောက်ရာသုံးဦးသေဆုံးပြီးလေးဦးဒဏ်ရာရရှိခဲ့ကြောင်းလူမူကူညီရေးအသင်းမှသိရသည်။
အဆိုပါဆီဘောက်ဆာကားဘရိတ်ပေါက် မီးလောင်ပြီး ဆိုင်ကယ်နှစ်စီးအပါအဝင် ကားသုံးစီးတိုက်မိခဲ့ရာဆိုင်ကယ်နှင့်ကားပေါ်ပါသုံးဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဒဏ်ရာပြင်းထန်သူများ နှင့်သေဆုံးသူများကို စဝ်စံထွန်းဆေးရုံသို ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။
NOMမေ၂၄၊၂၀၂၅
