နေမျက်နှာပြင်​ပေါ်မှာ ဖြစ်​ပေါ်​နေတဲ့ ကိုရိုနာ(Corona) ​တွေဟာ ငလျင်ဖြစ်​ပေါ် ခြင်းနဲ့ သက်ဆိုင်မှု မရှိပါ။
Corona ဟာ ​နေလုံးရဲ့ မျက်နှာပြင်​ပေါ်က သာမန်​နေရာ​တွေထက် အပူချိန်ပိုများတဲ့ ​ဒေသ​တွေကို ဆိုလိုတာ ဖြစ်ပါတယ်။
Corona ဟာ ခရမ်းလွန်​ရောင်ခြည်(Ultraviolet Ray) လွန်ကဲ​နေတဲ့ ​ဒေသ​တွေ ဖြစ်ပြီး သူတို့ကို ​နေမျက်နှာပြင်​ပေါ်မှာ အမည်း​ရောင် အစက်​ပြောက်​တွေ အ​နေနဲ့ ​တွေ့နိုင်ပါတယ်။
Corona ​ဖြစ်​ပေါ်​နေတဲ့ ​ဒေသ​တွေဟာ သံလှိုက်စက်ကွင်း(Magnetic Field) ကျယ်ပြန့်ကြတဲ့အတွက် အပူလှိုင်း​တွေ အာကာသထဲကို လွှတ်ထွက်လာပြီး Solar Wind ကို​ ဖြစ်​ပေါ်​စေနိုင်တယ် ဆိုတာ မှန်​ပေမဲ့၊ Corona ​ကြောင့် ငလျင်ကို ဖြစ်​စေတယ် ဆိုတာ အချက်အလက်အမှား တစ်ခုသာ ဖြစ်ပါတယ်။
​နေလုံးက​နေ ဖြစ်​ပေါ်လာတဲ့ Solar Wind​ တွေ၊ Solar Storm တွေ၊ Solar Flare တွေ၊ Coronal Mass Ejection(CME) ​နဲ့ Radiation ​တွေဟာ အစွန်းကုန် ကမ္ဘာ့သံလိုက်စက်ကွင်းကိုသာ သက်​​​ရောက်မှု ရှိပါတယ်။
စွမ်းအင်မြင့် CME ​တွေနဲ့ Corona ​တွေဟာ ကမ္ဘာ့သံလိုက်စက်ကွင်းအထဲကို ​ရောက်လာတဲ့အခါ လျှပ်စစ်စီး​ကြောင်း​(Electric current) တွေကို​တော့ ထိခိုက်မှု ရှိပါတယ်။ Corona ​တွေဟာ ကမ္ဘာ့ရဲ့ အ​ပေါ်ယံ​လေထုအလွှာကို ခဏတဖြုတ် သက်​ရောက်​သွားတာ​ကြောင့် ဂြိုလ်တု(Satellite) ​တွေ အလုပ် မလုပ်​တော့တာမျိုး​တွေနဲ့ ကမ္ဘာ့ရဲ့ ​တောင်ကမ္ဘာခြမ်းနဲ့ ​မြောက်ကမ္ဘာခြမ်း​ဒေသ​တွေမှာ ဥတ္တရအလင်းတန်း(Aurora) ​တွေကိုသာ ဖြစ်​ပေါ်​စေတာ ဖြစ်ပါတယ်။ ​ဒီ Corona ​တွေ​ကြောင့် ငလျင်ကို မဖြစ်​စေပါဘူး။
ငလျင်ဟာ ကမ္ဘာ့​ကျောက်အလွှာ (Tectonic Plate) ​ရွေ့လျားမှု​ကြောင့် ဖြစ်​ပေါ်လာတဲ့ သဘာဝ​ဘေးတစ်ခု ဖြစ်ပါတယ်။ ငလျင်ဟာ ဘယ်​နေရာမှာ ဘယ်လိုပုံစံနဲ့ လှုပ်သွားသလဲ ဆိုတဲ့ အချက်အ​ပေါ်မှာပဲ မူတည်​နေတာပါ။ ငလျင်ဖြစ်​ပေါ် ခြင်းကို အရှင်းဆုံး ဆိုရရင် ကမ္ဘာ့​ကျောက်အလွှာဟာ စုစည်းထားတဲ့ ဖိအား​တွေကို ရုတ်တရက် လွှတ်ထုတ်လိုက်တာပါ။ ဖိအား​တွေဟာ ​နေရာအနှံ့ကို ပျံ့နှံ့သွားပြီး ဒါကို ကျွန်​တော်တို့က ငလျင်လို့ သိထားကြပါတယ်။ ငလျင်ဟာ အချိန်မ​ရွေး၊ ​နေရာမ​ရွေးမှာ ဖြစ်နိုင်ပြီး ကြိုတင်ခန့်မှန်းလို့လဲ မရနိုင်ပါ။
​နေက​နေ လာတဲ့ Corona ဟာ ကမ္ဘာ့​လေထုအလွှာ အနည်းငယ်နဲ့ သံလိုက်စက်ကွင်းအ​ပေါ်ကိုသာ သက်ရောက်မှု ရှိနိုင်ပြီး ကမ္ဘာ့​မြေထုအလွှာနဲ့ သက်ဆိုင်မှု မရှိပါဘူး။ Corona ​ကြောင့် သံလိုက်စက်ကွင်းကို သက်​ရောက်​စေ​သော်ငြား ကမ္ဘာရဲ့ သံလိုက်စက်ကွင်းနဲ့ လျှပ်စစ်စက်ကွင်း​ပြောင်းလဲမှု​တွေဟာလဲ ငလျင်ဖြစ်​ပေါ် ခြင်းနဲ့ သက်ဆိုင်မှု မရှိပါ။
၁၉၈၉ ခုနစ်မှာ အ​မေရိကန်အ​ခြေစိုက် ပထဝီ​မြေဆိုင်ရာ သု​တေသနပြုတဲ့ အဖွဲ့ (USGS) ဟာ ကယ်လီဖိုးနီးယားပြည်​ထောင်စု၊ Parkfield ​ဒေသမှာ လျှပ်စစ်နဲ့ သံလိုက်စက်ကွင်းအာရုံခံ ကိရိယာ​တွေ အပါအဝင် တခြား မြေကြီးအချက်အလက်​တွေကို တိုင်းတာတဲ့ ကိရိယာ​တွေနဲ့ စမ်းသပ်မှု ပြုပြီး ငလျင်ကို ခန့်မှန်းဖို့ ကြိုးစားခဲ့ကြပါတယ်။
ဒါ​ပေမဲ့ ငလျင်မဖြစ်​ပေါ်ခင်မှာလဲ လျှပ်စစ်၊ သံလိုက်စက်ကွင်း ​ပြောင်းလဲဲမှု မရှိသလို ဘာလက္ခဏာမှလဲ မပြခဲ့ပါဘူး။ ​နောက် ၁၉နှစ်အကြာ၊ ၂၀၀၄ ခုနစ်ကို ​ရောက်တဲ့ အခါမှသာ ငလျင်ဖြစ်​ပေါ်ခဲ့ပါတယ်။
ရုရှားအ​ခြေစိုက် အာကာသနဲ့ ငလျင်ဆိုင်ရာ ​လေ့လာ​ရေးအဖွဲ့(Russian Space Weather and Seismic Studies) က ၁၉၉၀ ခုနစ်နဲ့ ၂၀၀၀ ခုနစ်အထိ Corona ​ဟာ ကမ္ဘာ့​ကျောက်အလွှာကို သက်​ရောက်မှု ရှိ၊ မရှိကို သု​တေသနပြုခဲ့ပါတယ်။ ငလျင်ဖြစ်ပါတယ် ဆိုတဲ့ ခိုင်လုံတဲ့ အချက်အလက်ကို မရှာနိုင်ခဲ့သလို Corona ​ကြောင့် ငလျင်ဖြစ်​ကြောင်းကိုလဲ သက်​သေမပြနိုင်ခဲ့ပါဘူး။
ဒီလို သိပ္ပံနည်းကျ အချက်အလက်​တွေ​ကြောင့် ငလျင်ဟာ ကမ္ဘာ့အတွင်းပိုင်းက ပထဝီ​မြေဆိုင်ရာ ဖိအား​ပြောင်းလဲခြင်း (Internal Geological Stress) နဲ့သာ သက်ဆိုင်မှု ရှိပြီး ပြင်ပ သက်​ရောက်မှု​(External Stress) နဲ့ မသက်ဆိုင်ပါဘူးဆိုတာ ထင်ရှားပါတယ်။
NASA နဲ့ USGS (United States Geological Survey) လို သိပ္ပံအဖွဲ့အစည်း​တွေကလဲ Corona ​နဲ့ ငလျင်ဖြစ်​ပေါ်မှုဟာ သက်ဆိုင်မှု မရှိဘူးလို့ အခိုင်အမာ အဆိုပြုထားပြီး ဖြစ်ပါတယ်။
​ပြည်သူများအ​နေနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းဌာန​တွေ၊ တကယ်တတ်ကျွမ်းနားလည်တဲ့ ပညာရှင်​တွေဆီက​နေပဲ ​စောင့်ကြည့်နား​ထောင်ဖို့နဲ့ ဘယ်အရာကို မဆို ​စဥ်းစား​တွေး​ခေါ် ပြီး အမှန်နဲ့ အမှားကို ခွဲခြားကြဖို့ကို တိုက်တွန်းနှိုး​ဆော်လိုက်ပါတယ်။

image