6 ပတ် - ဘာသာပြန်ပါ။

Pu-saka (2024)

ဝီဆန်းကို စံအိမ်ကို ရှေးဟောင်းပစ္စည်းစုဆောင်းသူ သူဌေးကြီးတစ်ယောက်က ပိုင်ဆိုင်ပြီး သူသေဆုံးသွားတဲ့နောက်မှာတော့ သူစုဆောင်းထားတဲ့ အင်ဒိုနီးရှားရိုးရာအမွေအနှစ်ရှေးဟောင်းပစ္စည်းတွေကို စံအိမ်ကြီးနဲ့အတူ ပြတိုက်အဖြစ် အသွင်ပြောင်းဖို သားနဲ့သမီးကို သေတမ်းစာကတစ်ဆင့် တာဝန်ပေးသွားခဲ့ပါတယ်။ လူနေအိမ်တစ်ခုကို ပြတိုက်အဖြစ် အသွင်ပြောင်းဖိုရာမှာ ဆာဗေးလုပ်ဖိုရောက်လာတဲ့ ပရောဂျက်ဝန်ထမ်းတစ်စု၊ အိမ်ရှင်သူဌေးကြီးရဲ့ သားနဲ့သမီးဖြစ်တဲ့ ရန်ဒီ နဲ့ ဘီယန် မောင်နှမတိုဟာ အလုပ်တွင်စေဖိုအတွက် စံအိမ်ကြီးမှာပဲ အိပ်ရဖိုဖြစ်လာပါတော့တယ်။ အဲ့ဒီညမှာပဲ စံအိမ်ကြီးရဲ့ လျှိဝှက်အခန်းတစ်ခု မတော်တဆပွင့်သွားခဲ့ပြီး အဲ့ဒီအခန်းထဲမှာရှိတဲ့ ကြောက်စရာ ကျိန်စာသင့်စ္စည်းတစ်ခုဟာ သူတိုထဲက တစ်ယောက်ကို ပူးကပ်သွားခဲ့ပြီးနောက်မှာတော့ သူတိုအတွက် တစ်သက်မမေ့နိုင်စရာညတစ်ညကို ကြုံတွေ့ရဖို ဖြစ်လာပါတော့တယ်။ ထိတ်လန့်ခြောက်ခြားဖွယ် အနိဌာရုံမြင်ကွင်းတွေနဲ့၊ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ သွေးထွက်သံယိုတွေ ဒင်းကြမ်းပါဝင်တဲ့အတွက် ကြည့်ရဲမှ ကြည့်စေချင်ပါတယ်။

image