စျေးလည်းသက်သာပြီး ၄ နှစ်လောက်အထိ ရေရှည်သုံးနိုင်မယ့် Samsung Galaxy A06 5G
.
Samsung ကနေ စျေးနှုန်းသင့်တင့်တဲ့ Galaxy A Series ဖုန်းအသစ်ဖြစ်တဲ့ Galaxy A06 5G ကို မြန်မာနိုင်ငံစျေးကွက်အတွက် မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ အခု Galaxy A06 5G ဖုန်းက ယခင် Galaxy A06 LTE Version ထက် အဆင့်မြှင့်တင်ထားပြီး ရေရှည်သုံးဖို့အတွက် ပိုသင့်တော်တဲ့ဖုန်းတစ်လုံးဖြစ်လာပါတယ်။
ဘာကြောင့်လဲဆိုရင် Galaxy A06 5G ဖုန်းက 5G အမျိုးအစားဖြစ်တဲ့အတွက် နောက်ပိုင်းမှာ Network Connectivity ပိုင်းအရလည်း ရေရှည်အတွက် ပိုပြီး Future-proof ဖြစ်သွားသလို ခရီးသွားလာရတဲ့အချိန်မှာလည်း 5G Network ကို အပြည့်အဝ အသုံးပြုနိုင်တော့မှာပါ။ အခုလို 5G ကို ထောက်ပံ့ပေးတာက Network ပိုင်းအပြင် ဖုန်းအသုံးပြုမှုပိုင်းကိုလည်း ပိုပြီး ကောင်းမွန်စေဦးမှာဖြစ်ပါတယ်။
ဒါက Processor Chipset ပိုင်းကို Galaxy A06 5G ဖုန်းဟာ MediaTek Dimensity 6300 5G Chipset ကို အဆင့်မြှင့်တင် အသုံးပြုထားတာပဲဖြစ်ပါတယ်။ အခု Dimensity 6300 Chipset ဟာ 6nm Architecture ဖြင့် တည်ဆောက်ထားသလို 2.4GHz Octa-Core အမျိုးအစားဖြစ်တာကြောင့် အရှေ့က Galaxy A06 LTE Version မှာ အသုံးပြုထားတဲ့ Helio G85 Chipset ထက်လည်း စွမ်းဆောင်ရည်ပိုင်းမှာ ပိုပြီး သိသိသာသာပိုကောင်းမှာပါ။
အဲ့အပြင် Galaxy A06 5G ဖုန်းဟာ နောက်ထပ် အဆင့်မြှင့်တင်ထားမှုတစ်ခုပါဝင်ပြီး ဒါက ရေစိုဒါဏ်၊ ဖုန်မှုန့်တွေ ဝင်ရောက်မှုဒါဏ် ခံနိုင်မှုအပိုင်းအတွက် IP54 Dust & Water Resistant Rating ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် တော်ရုံ ရေစိုဒါဏ်၊ ရေစင်ဒါဏ်တွေကိုပါ ခံနိုင်ရည်ရှိမှာဖြစ်ပြီး မတော်တဆ မိုးရေစိုလို့ ဖုန်းထိခိုက်မိမှာကိုလည်း စိုးရိမ်စရာမလိုတော့ပါဘူး။
နောက်ထပ် Galaxy A06 5G ဖုန်းဟာ ဖုန်းအသုံးပြုမှုပိုင်းမှာ ပိုပြီး သွက်လက်စေဖို့အတွက် 6.7” HD+ Display ကို ယခင် 60Hz အစား 90Hz High Refresh Rate ကိုပါ ထောက်ပံ့ပေးလိုက်ပြီဖြစ်ပါတယ်။ Camera ပိုင်းကိုလည်း 50MP Main Camera | 2MP Depth Sensor တွေအပြင် 8MP Selfie Camera တွေကို အသုံးပြုပေးထားပါတယ်။
အခု Samsung Galaxy A06 5G ဖုန်းမှာ သဘောကျဖို့အကောင်းဆုံးအချက်ကတော့ စျေးနှုန်းသင့် Galaxy A0x Series ဖုန်းဖြစ်နေပေမယ့် Software ပိုင်းကို Samsung ရဲ့ နောက်ဆုံးထွက် One UI 7 ကို သုံးပေးထားတယ်။ အဲ့အပြင် Galaxy AI Feature တွေကိုလည်း သုံးနိုင်ဦးမှာပါ။ ဒါကိုမှ Samsung ဘက်ကနေ Galaxy A06 5G ဖုန်းကို အသုံးပြုသူတွေအတွက် ရေရှည်အသုံးပြုဖို့ Software Update ကို နောက်ထပ် (၄) နှစ်အထိ ထောက်ပံ့ပေးသွားမယ်ဆိုပြီး ကတိပေးထားပါသေးတယ်။
ဒါကြောင့် စျေးနှုန်းသင့် Galaxy A06 5G ဖုန်းကို ဝယ်ရင်တောင် Major Software OS Update ကို (၄) ကြိမ်အထိ ရရှိမှာဖြစ်ပါတယ်။ အဲ့အပြင် ဖုန်းသုံးနေတုန်း ထိခိုက်မှုတွေရှိလာခဲ့ရင်တောင် Samsung Care+ ဖြင့် တာဝန်ယူဖြေရှင်းပေးသွားမယ်လို့လည်း ဆိုထားသေးတယ်။
စျေးနှုန်းအနေနဲ့ Galaxy A06 5G (4/64 G ကို ၆၀၉,၀၀၀ ကျပ်၊ Galaxy A06 5G (6/128 G ကို ၇၄၉,၀၀၀ ကျပ်ဖြင့် စပြီး ဝယ်ယူနိုင်ပြီဖြစ်ပြီး အရောင်အနေနဲ့ Black ၊ Light Gray နဲ့ Light Green ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဝယ်ယူသူတွေအတွက်ကိုလည်း အောက်ပါ လက်ဆောင်တွေ ပေးအပ်သွားမယ်လို့ သိရပါတယ်။
- Travel Adapter လက်ဆောင်
- Samsung Care+ ဝန်ဆောင်မှုအနေနဲ့ မတော်တဆဖြစ်ပြီး ဖုန်းအနောက် မျက်နှာပြင် ပျက်စီးခြင်း အတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၁၀၀ % သက်သာခွင့်၊ ဖုန်းအရှေ့မျက်နှာပြင် ပျက်စီးခြင်းအတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၆၀ % သက်သာခွင့် တွေကို ဝယ်ယူတဲ့နေ့မှ ၁ နှစ်အတွင်း ၁ ကြိမ် ခံစားခွင့်
- ATOM SIM Card ကို လက်ရှိအသုံးပြုနေသူနဲ့ SIM Card အသစ် ဝယ်ယူအသုံးပြုသူတွေအနေနဲ့ လစဉ် ကျပ် ၁၀,၀၀၀ (သို့) ၅,၀၀၀ (သို့) ၃,၀၀၀ တန်ဖိုးရှိ ဖုန်းဘေလ် ဖြည့်သွင်းရုံနဲ့ ဖြည့်သွင်းတဲ့ ငွေပမာဏအလိုက် ဒေတာ 4GB အထိနဲ့အတူ YouTube နဲ့ TikTok အသုံးပြုရန်အတွက် ဒေတာ Pacakage တွေပါ ၆ ကြိမ် အခမဲ့ ခံစားခွင့်
- (၆လ) အတိုးမဲ့ အရစ်ကျ အစီအစဉ် အနေနဲ့လည်း Samsung Showroom တွေမှာ AYA Pay ရဲ့ Buy Now Pay Later၊ Rent to Own၊ Blue Season တို့နဲ့ ချိတ်ဆက်ပြီး လစဉ်အရစ်ကျ ဝယ်ယူသွားနိုင်ဦးမှာပါ။
ဘာပဲဖြစ်ဖြစ် Galaxy A06 5G က သေချာကို Upgrade ဖြစ်လာတဲ့ ဖုန်းတစ်လုံးလို့ ပြောလို့ရတယ်။ စျေးသက်သာပြီး ရေရှည်အသုံးခံတဲ့ ဖုန်းကောင်းတစ်လုံးကို ရှာနေတဲ့သူတွေအတွက်လည်း ရွေးချယ်စရာတစ်ခုဖြစ်လာမယ်လို့ထင်ပါတယ်။
